◘ မန်စီးတီး - ဝက်ဖို့ဒ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၁၅ နာရီ)
မန်စီးတီးအသင်းက အိမ်ကွင်း(၂)ပွဲဆက်တိုက် သရေကျထားခဲ့တယ်။ အခုပွဲက အာဆင်နယ်နဲ့ပွဲ Line-up မှာပါတဲ့ ကစားသမားတွေ အားလုံးနီးပါး အနားပေးဖို့ရှိပေမဲ့ ကိုဗာချစ်၊ ဖိုဒန်၊ ဂရီးလစ်ရှ်၊ စတုန်းစ်၊ လူးဝစ်၊ နူးနက်စ်၊ မက္ကတီးတို့ ကစားဖို့ ရာခိုင်နှုန်းများလို့ အင်အားတောင့်တင်းနေဆဲပါပဲ။ မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့ရာသီက တတိယအဆင့်မှာပဲ နယူးကာဆယ်ကို အရေးနိမ့်ပြီး ထွက်ခဲ့ရတဲ့အဖြစ်မျိုး ထပ်အဖြစ်ခံမှာ မဟုတ်တော့ပါဘူး။ ဝက်ဖို့ဒ်ကတော့ လိဂ်ချန်ပီယံရှစ်မှာ Play-off ကြိုးပမ်းရမယ့် အဆင့်ပဲ ရှိပါတယ်။ မန်စီးတီးပဲ ကြိုက်တယ်။
◘ ချယ်လ်ဆီး - ဘာရိုး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၁၅ နာရီ)
ကစားသမားပေါလျှံတဲ့ ချယ်လ်ဆီးအသင်းအဖို့ ဒီလိုပွဲမျိုးက စိတ်ကြိုက်စမ်းသပ်ဖို့ ဖြစ်လိမ့်မယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ League Two ကလပ်ကို ဂိုးသွင်းလေ့ကျင့်တဲ့ပွဲမျိုး ဖြစ်လာမှာပါ။ ချယ်လ်ဆီးဘက်ကပဲ ရပ်တည်ချင်တယ်။
◘ ဝဲဆောလ် - လက်စတာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၁၅ နာရီ)
လက်စတာအသင်း ပရီးမီးယားလိဂ်ကနေ တန်းပြန်မဆင်းရရေးကိုပဲ အဓိကအာရုံစိုက်မယ်ထင်တယ်။ League Two ကလပ်နဲ့ လက်စတာအသင်းအကြား အဆင့်ချင်းကွာပေမဲ့ လက်စတာ ဂိုးပြတ်အနိုင်မရလောက်ဘူး။
◘ ၀ိုင်ကမ်ဘီ - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၅ ရက် နံနက် ၁း၃၀ နာရီ)
အက်စတွန်ဗီလာအနေနဲ့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အဓိကပြိုင်ပွဲနှစ်ခုကိုပဲ အာရုံစိုက်ဖို့များတာကိုတော့ သတိပြုရမယ်။ အဆင့်ချင်းကွာပေမဲ့ League One ကလပ် ၀ိုင်ကမ်ဘီကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
