၂၀၂၄-၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဘီလ်ဘာအိုအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဆန်မာမီးစ်ကွင်းမှာ ကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲအတွက် တချို့အသင်းတွေက ဇူလိုင်လကတည်းက ခြေစစ်ပွဲဆင်နွှဲခဲ့ရပေမဲ့ ထိပ်သီးအသင်းအများစုကတော့ အခုတစ်ပတ်မှာမှ စတင်ယှဉ်ပြိုင်ရမှာပါ။ ဒါကြောင့် လိဂ်အဆင့်ရဲ့ ပွဲစဉ် ၁ အဖြစ် ယှဉ်ပြိုင်ရမယ့် အခုတစ်ပတ်က ဆန်မာမီးစ်ဆီ အရောက်လှမ်းနိုင်ဖို့ ကြိုးစားရမယ့် ခရီးစဉ်အစလို့ ဆိုနိုင်ပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံအသစ်နဲ့ အသွင်ပြောင်းထားသလို ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေကိုလည်း အလားတူ အသွင်ပြောင်းထားပါတယ်။ ယူရိုပါလိဂ်က ချန်ပီယံလိဂ်ရဲ့နောက် ဒုတိယတန်းစား ပြိုင်ပွဲသာဖြစ်ပေမဲ့ ပရိသတ်နဲ့ တရင်းတနှီးရှိပြီးသား ထိပ်သီးအသင်းတချို့ ပါဝင်နေတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ စပါးတို့က ဒီရာသီ ယူရိုပါလိဂ်ရဲ့ အဓိကဆွဲဆောင်မှု ဖြစ်နေပါတယ်။ သူတို့က ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးအသင်းတွေလည်း ဖြစ်နေပါသေးတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
