ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုသည် ဘောလုံးမည်သို့ကစား ရမည်ကို သိရှိသူမဟုတ်ကြောင်း ရီးယဲလ် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ကာဆာနို က ဝေဖန်ခဲ့သည်။
စီရော်နယ်လ်ဒို (၃၉ နှစ်) သည် ယခုလ အစောပိုင်းက ဘောလုံးသမိုင်းတစ်လျှောက် ဂိုး ၉၀၀ ပြည့်သည့် ပထမဆုံးကစားသမား ဖြစ်လာပြီး အသက် ၃၀ ပြည့်ပြီးနောက် အံ့အားသင့်ဖွယ် ဂိုးသွင်းနှုန်းကြောင့် အများချီးကျူးစရာဖြစ်ခဲ့သည်။ သို့သော် အီတလီတိုက် စစ်ကစားသမားဟောင်းဖြစ်သည့် ကာဆာနို က စီရော်နယ်လ်ဒိုအား Viva El Futbol podcast အစီအစဉ်တွင် အများနှင့်မတူဘဲ ထူးထူးခြားခြား ဝေဖန်ခဲ့ခြင်းဖြစ်သည်။
"ခရစ္စတီယာနိုရော်နယ်လ်ဒိုက ဘောလုံး ဘယ်လိုကစားရမလဲဆိုတာကို မသိပါဘူး။ သူဟာ ဂိုး ၃၀၀၀ လောက် သွင်း နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ပါဘူး။ ဟီဂွါအင်၊ အဂွဲရိုး၊ ဘန်ဇီမာ၊ လီဝန်ဒေါ စကီး၊ အီဘရာဟီမိုဗစ်၊ ဆွာရက်ဇ်တို့က အသင်းနဲ့ ဘယ်လိုချိတ်ဆက်ကစားရမလဲ ဆိုတာ သိပါတယ်။ သူတို့ဟာ ဘယ်လိုအရာ တွေ လုပ်ရမလဲဆိုတာလည်း သိပါတယ်။ ရော်နယ်လ်ဒိုကတော့ ဒီလိုမဟုတ်ပါဘူး။ သူက ဂိုးသွင်းဖို့ပဲ အမြဲရည်မှန်းချက်ထားပါတယ်"ဟု ကာဆာနိုက သုံးသပ်ခဲ့သည်။
၎င်းအနေဖြင့် ၂၀၂၂ ခုနှစ်က စီရော်နယ်လ်ဒို မန်ယူအသင်းတွင်ကစားစဉ် ကစားသမား ဘဝမှ အနားယူရန်လည်း တိုက်တွန်းခဲ့ဖူးကြောင်းလည်း သိရသည်။ ကာဆာနို (၄၂ နှစ်) သည် ရီးယဲလ်အသင်း၌ ၂၀၀၆ မှ ၂၀၀၈ (၂၀၀၇- ၀၈ ရာသီတွင် ဆမ်ဒိုးရီးယား၌ အငှားကစား) အထိရှိခဲ့သော်လည်း ပြိုင်ပွဲစုံ ၂၉ ပွဲသာ ကစားခဲ့ရကာ လေးဂိုးသာ သွင်းယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
