အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း၌ အမေရိကန်လက်နက်များဖြင့် တိုက်ခိုက်နိုင်ရန်ဖြစ်နိုင်ခြေကိစ္စများနှင့် စပ်လျဉ်း၍ကို စက်တင်ဘာ ၂၆ ရက်တွင် အိမ်ဖြူတော်၌ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးနှင့် တွေ့ဆုံစဉ် ဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။
“အမေရိကန်ရဲ့ တာဝေးပစ် တိုက်ခိုက်မှုစွမ်းရည်တွေကို ရုရှားက ပစ်မှတ်တွေအတွက် မသုံးရဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ ပေါ်လစီအတိုင်းပဲ ကျွန်တော်တို့ သမ္မတက တသမတ်တည်း ပြောထားပြီးပါပြီ။ အဲဒီအပေါ်မှာ မူဝါဒ အပြောင်းအလဲ မလုပ်ထားပါဘူး။ ဒါက လမ်းညွှန်ချက်ပါပဲ။ ယူကရိန်းဖက်က အဲဒီပေါ်လစီကို ပြောင်းလဲပေးဖို့ တောင်းဆိုတာကိုလဲ ကျွန်တော်တို့ဖက်က နားလည်ပါတယ်” ဟု နိုင်ငံတကာ သတင်းထောက်များအတွက် သတင်းစာရှင်းလင်းပွဲတွင် ဂျွန်ကာဘီက ပြောကြားခဲ့သည်။ “ပေါ်လစီကိုပြောင်းလဲလိုက်ရင် ပြဿနာတက်လာမှာ သေချာပါတယ်။ ရုရှားမှာရှိတဲ့ ပစ်မှတ်တွေကို အမေရိကန်ရဲ့ လက်နက်တွေ၊ တာဝေးပစ်လက်နက်တွေ အသုံးပြုတာကို တားမြစ်ထားတဲ့ ပေါ်လစီကိုတော့ သူ မပြောင်းလဲပါဘူး”ဟုလည်း ဂျွန်ကာဘီကပြောသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသည် အနောက်နိုင်ငံများ၏ အကူအညီမပါဘဲ ရုရှားပိုင်နက်အတွင်း တိုက်ခိုက်မှုများကို လုပ်ဆောင်ရန်အတွက် ဂြိုဟ်တုထောက်လှမ်းရေးနှင့် လေယာဉ်ပျံသန်းမှု အချက်အလက်များ လိုအပ်နေကြောင်း သတင်းထောက်များအား စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။ သမ္မတ၏ အဆိုအရ နေတိုးနိုင်ငံများအကြား လက်ရှိအခြေအတင် ဆွေးနွေးနေမှုသည် ယူကရိန်းအနေဖြင့် အနောက်နိုင်ငံမှ တာဝေးပစ်လက်နက်များ အသုံးပြုမှု အလားအလာနှင့် ပတ်သက်၍သာမက ယူကရိန်း ပဋိပက္ခတွင် အနောက်နိုင်ငံများ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း ရှိမရှိကိုလည်း အခြေခံအားဖြင့် ဆုံးဖြတ်ချက် ချနေကြခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရုရှားအတွက် ဖန်တီးလာမည့် ခြိမ်းခြောက်မှုများကိုလည်း မိမိတို့က တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
