ရာဂီတိုင်ဖွန်းမုန်တိုင်း တိုက်ခက်မှုကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌဌ ဂဏာဓိပတိ သောဠသမ ရွှေကျင် သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့် ကွန်းခိုရာ ကုမ္ပဏီမိသားစုက ဂရုဏာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကော်မတီဒုတိယဥက္ကဋ္ဌဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ယင်းအခမ်းအနားတွင် အလှူငွေများပေးအပ်လှူဒါန်းရာ သီတဂူဆရာတော်ကြီး လှူဒါန်း သည့် အမေရိကန် ဒေါ်လာ ၁ဝဝဝဝ ကို ဆရာတော်ဘုရားကိုယ်စား ကပ္ပိယကာရကမှ ပေးအပ်လှူဒါန်းရာ နစကဒုတိယဥက္ကဋ္ဌက လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ဆက်ကပ်ခဲ့ကြောင်းသိရသည်။
ထို့အတူ ကွန်းခိုရာကုမ္ပဏီမိသားစုက အလှူတော်ငွေကျပ် သိန်း ၁ဝဝဝ ကို ပေးအပ်လှူဒါန်းရာ နစကဒုတိယဥက္ကဋ္ဌက လက်ခံရယူပြီး အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များထံ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော ပြည်ထောင်စု ဝန်ကြီးများနှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
နစကဒုတိယဥက္ကဋ္ဌက အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူတင်ဝမ်းမြောက် စကားလျှောက်ထား ရာတွင် ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် ရေဝင်နစ်မြုပ်ခဲ့ပါကြောင်း၊ ထို့ပြင် လူဦးရေ ၁ သိန်း ၄ သောင်း ကျော် ရေဘေးဒုက္ခရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ စာရင်းများအရ ၄၁၉ ဦး သေဆုံးခဲ့ရပါကြောင်း၊ ဘာသာရေး နှင့်ပတ်သက်ပြီး ၂၅၃ ကျောင်းနှင့် လမ်းတံတား ၉၂၆ ခု ရေမျော ပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များလည်း များစွာပျက်စီးခဲ့ပါကြောင်း၊ အလားတူ တိရစ္ဆာန် ၁ သိန်းကျော် သေဆုံးခဲ့ပြီး စပါးစိုက်ဧက ၇ သိန်း ၅ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ငွေကျပ် ဘီလျံ ၃၀ သတ်မှတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သော အလှူငွေပေး အပ်ပွဲတွင် စေတနာရှင် အလှူရှင်များက ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံကျော်ကို ပေးအပ်လှူဒါန်းခဲ့သဖြင့် လက်ခံရရှိခဲ့ကြောင်း၊ ထိုသို့ လှူဒါန်းမှုသည် နိုင်ငံတော် အတွင်းတွင်ရှိသည့် စေတနာရှင်၊ အလှူရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ သဒ္ဒါတရားထက်သန်မှုကို တွေ့မြင်ရပါကြောင်း၊ အဆိုပါအလှူငွေများကိုလည်း သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ အမြန်ဆုံး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေဘေးသင့်ဒေသများ ၌ ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ အောက်တိုဘာလအတွင်း အမြန်ဆုံး ဖြစ်နိုင်သည့် နေရာမှန်သမျှ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ လိုအပ်သည်များကို စီမံဆောင်ရွက်လျက်ရှိပြီး ထိခိုက်ပျက်စီး ခဲ့သည့် ပညာရေးအဆောက်အဦများကိုလည်း အမြန်ဆုံးပြန်လည် ပြင်ဆင်တည် ဆောက်ပေးနိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းတိုတ်ခက်ပြီးချိန်တွင် ပုဂံရှေးဟောင် ယဉ်ကျေးမှုနယ်မြေ အချို့၌ ရေလွှမ်းမိုးမှုများ ရှိခဲ့မှုအပေါ် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်နှင့်အညီ ရေဝင်ရေထွက် ကောင်းမွန်စေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် စိမ်းလန်းစိုပြေရေးတို့အတွက် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော် ပေးခြင်း၊ ရေထုတ်စနစ်များ ဖော်ဆောင်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့သောကြောင့် ယခုမိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ထိခိုက်ပျက်စီးမှုနည်းခဲ့ခြင်းဖြစ်ကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်ပေါင်း ၁၀၆ ကန် အနက် ရေကန် ၉၁ ကန်တို့ကိုပြန်လည်တူးဖော်ထိန်းသိမ်းခဲ့ရာ တူးဖော်ပြီး ၂၈ ကန် ဆောင်ရွက်ဆဲ ၉ ကန် ဆက်လက်တူးဖော်ထိန်းသိမ်းဆောင်ရွက်ဆဲ ရေကန် ၄၇ ကန် ဖြစ်ပြီး ရေကန်များကို ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုကဲ့သို့ ရေကန်များ တူးဖော်ထိန်းသိမ်းခြင်း၊ ရေလမ်းကြောင်း ၃ ကြောင်း ဖော်ထုတ်တူးဖော်ခြင်းတို့ကြောင့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှု အန္တရာယ်မှ ကင်းလွတ်ခဲ့ပြီး ပုဂံရှေးဟောင်းဘုရားနှင့် သာသနိကအဆောက်အဦ (၁၁) ခု၌ ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ပျက်စီးခဲ့ကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။
ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများကို သီတဂူ ဆရာတော်ကြီးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ဝဝဝဝ အား လည်းကောင်း၊ ကွန်းခိုရာ ကုမ္ပဏီမိသားစုက ငွေကျပ်သိန်း ၁ဝဝဝ လှူဒါန်းသည့်အတွက် လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရေဘေး သင့်ပြည်သူများနှင့် ရဟန်းရှင်လူပြည်သူအပေါင်းတို့ကလည်း ဝမ်းမြောက်နုမော သာဓုခေါ်မည်သာ ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများ သက်တော်ရာကျော် ရှည်တော် မူပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် သာသနာပြုလုပ်ငန်းများ ဆထက်ထမ်း ပိုးဆောင်ရွက်တော်မူနိုင်ပါစေကြောင်းနှင့် အလှူရှင် မိသားစုများလည်း ကျန်းမာချမ်း သာပါစေကြောင်းဖြင့် လျှောက်ထားတင်ပြခဲ့ကြောင်းသိရသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးထံမှ ရေစက်ချတရားနာယူကြရာ ဆရာတော် ဘုရားကြီးနှင့် ကွန်းခိုရာကုမ္ပဏီမိသားစုမှ လှူဒါန်းသည့် အလှူတော်ငွေများအပါအဝင် စက်တင်ဘာလ ၂၁ ရက်နေ့တွင် လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ လှူဒါန်းခဲ့ကြသည့် အလှူရှင်များ အပါအဝင် နိုင်ငံရပ်ခြားမှ အလှူရှင်များအတွက်ရည်ရွယ်လျက် ဂရုဏာအလှူတော်ကုသိုလ်အဖြစ် လည်းကောင်း၊ ရာဂိတိုင်ဖွန်းမုန်တိုင်းကာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် မိုးရွာသွန်းမှု များပြားလျက် ရေကြီးရေလျှံတောင်ပြိုခြင်း ဒုက္ခဒဏ်ခံစားခဲ့ရပြီး အကြောင်းအမျိုးမျိုး ကြောင့် သေဆုံးသွားခဲ့ရသူများအပေါင်းတို့အား ကျွတ်လွတ်ပါစေခြင်း အကျိုးငှာ ဖိတ်ခေါ်လျက်လည်းကောင်း မေတ္တာပို့သခြင်း၊ သာဓုခေါ်ဆိုနိုင်စေခြင်းငှာ ရေစက်ချ အမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
