မဲစာရင်းပြုစုရာတွင် ဥပဒေနှင့် မညီညွတ်သူများ၊ မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ် ပါဝင် သူများ မပါရှိစေရန် CVLMS Software ဖြင့် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြောကြားသည်။
စက်တင်ဘာ ၂၃ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အဦ၌ ကျင်းပသည့် မဲပေးစက်အသုံး ပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ် (၅/၂၀၂၄) သင်တန်းဖွင့်ပွဲတွင် ၎င်းက အထက်အချက်ကို ထည့်သွင်းပြောကြားခဲ့ ခြင်း ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM ) ကို ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အသုံးပြုရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ မဲမသမာမှုများမဖြစ်ပွားစေရေး အဓိကဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားရခြင်းကို လေ့လာသုံးသပ်ပါက မဲစာရင်းများ ဖောင်းပွ ခြင်း၊ မဲလက်မှတ်များ ပိုမိုရိုက်နှိပ်ဖြန့်ဝေခြင်း နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများတွင် ဥပဒေနှင့်မညီသော မဲပေးခြင်းစသည့်အချက်သုံးချက်ကို တွေ့ရှိရကြောင်း၊ ကော်မရှင်အနေဖြင့် တွေ့ရှိချက်များကို လေ့လာသုံးသပ်ပြီး မဲမသမာမှုမဖြစ်စေရန် မဲပေးသည့်စနစ်များကို MEVM စက်အပါအဝင် ကွန်ပျူတာ software များ ဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ မဲစာရင်းပြုစုရာတွင် Admin DEO Softwareများဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများအ လိုက် ပြုစုပြီး CVLMS Softwareဖြင့် ဥပဒေ နှင့်မညီညွတ်သူများ၊ မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်ပါဝင်သူများ မပါရှိစေရေး စိစစ်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ MEVM စက် အသုံး ပြု၍ မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ် ဖြန့်ဝေခြင်းမရှိတော့သည့်အတွက် မဲမသမာမှု များမဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ ထိုစနစ်နှစ်ခု ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများတွင် ဥပဒေ နှင့်မညီညွတ်သော မဲပေးမှုများ မဖြစ်ပွားစေ ရေးအတွက် အားနည်းခဲ့သည့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM ) တည်ဆောက်ပုံနည်း လမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေး စက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရ သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေ သကြီး တာဝန်ခံ ဦးအောင်စောဝင်း၊ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ရုံးတာဝန်ရှိသူ များနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင် တန်းသား ၂၁ ဦး တက်ရောက်ခဲ့ကြပြီး သင် တန်းကို စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အ ထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက် အရ သိရသည်။
----------
--------
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
