
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၃၀ ရက်အထိ ယာယီစာရင်းအရ ဆန်နှင့် ဆန်ကွဲ အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံများမှ တရုတ်၊ ဘယ်လ်ဂျီယမ်၊ ပိုလန်၊ မလေးရှား၊ ထိုင်း၊ ဟန်ဂေရီ၊ UK ၊ အင်ဒိုနီးရှား၊ ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ မှ ၃၀ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုအနေဖြင့် ဆန်တန်ချိန် သုည ဒသမ ၀၆၅ သန်း၊ တန်ဖိုးဒေါ်လာ ၂၆ ဒသမ ၃၇၉ သန်း၊ ဆန်ကွဲတန်ချိန် သုည ဒသမ ၀၄၆ သန်း၊ တန်ဖိုးဒေါ်လာ ၁၄ ဒသမ ၆၀၈ သန်း၊ ဆန်နှင့် ဆန်ကွဲတန်ချိန် သုည ဒသမ ၁၁၁ သန်းကျော်၊ တန်ဖိုးဒေါ်လာ ၄၀ ဒသမ ၉၈၇ သန်း တင်ပို့နိုင်ခဲ့ကြောင်းသိရပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသများမှတစ်ဆင့် တင်ပို့နိုင်ခြင်း ဖြစ်သည်။
ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု စျေးကွက် အလားအလာကောင်းမွန်နေခြင်းကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ယခင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် တင်ပို့ခဲ့သည့် တန်ချိန် ၂ ဒသမ ၆ သန်းထက် တင်ပို့မှုမြင့်တက်နိုင်ရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း ၂ ဒသမ ၆ သန်းခန့်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၇၉၀ ကျော်ရရှိထားပြီး ဆန်ကွဲတင်ပို့မှု ပိုမိုမြင့်တက်ခဲ့သဖြင့် ယခင်နှစ်ထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅၈၅ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၉၄ ဒသမ ၃၈၈ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၃၅၅ သန်း တင်ပို့မှုမှ ဒေါ်လာ ၇၀၉ ဒသမ ၆၉၄ သန်း ရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ကာလတူထက် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂၃၀၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၈၄ ဒသမ ၆၉၄ သန်း ပိုမိုရရှိထားသည်။
“ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဆန်တင်ပို့မှုမှာ လျော့ကျတဲ့အတွက် ဆန်တင်ပို့မှုကနေ ဝင်ငွေလျော့ကျပေမဲ့ ဆန်ကွဲတင်ပို့မှုက တန်ချိန် လေးသိန်းခွဲလောက် မြင့်တက်လာတဲ့အတွက် ဝင်ငွေလည်း မြင့်တက်လာတယ်။ ယခင်နှစ်ထက် ဝင်ငွေက ဒေါ်လာသန်း ၈၀ လောက် ပိုရခဲ့တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါကာလတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၅၂၇ ဒသမ ၉၆၃ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၂၂၇၀၀၀ ကျော် တင်ပို့မှုလျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၄၄ သန်းကျော် လျော့ကျခဲ့သည်။
ဆန်ကွဲတင်ပို့မှု တန်ချိန် ၉၇၆၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေ ၂၆၆ ဒသမ ၄၂၅ သန်း ရရှိထားပြီး ယခင်နှစ်ထက် တန်ချိန် ၄၅၇၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁၂၉ သန်းကျော် ပိုမိုရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်