
၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၃ ဒသမ ၁၀ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။
ယခင်လနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုတို့မှာ အနည်းငယ်မြင့်တက်ခဲ့ပြီး အစားအစာအုပ်စု၊ ကျန်းမာရေးအုပ်စု၊ ပြင်ပအစားအသောက်အုပ်စုနှင့် အထွေထွေကုန်ပစ္စည်းအုပ်စုတို့မှာ သိသာစွာမြင့်တက်ခဲ့သည်။ အဝတ်အထည် အုပ်စု၊ ဆက်သွယ်ရေးအုပ်စုနှင့် ပညာရေးအုပ်စုတို့မှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စုနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုတို့မှာ ယခင်လကထက် ကျဆင်းနေသည်။
စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၅၁ ဖြစ်ပြီး အစားအစာမဟုတ်သောအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၄ ရှိသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အုပ်စုအားလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၁၀ ဖြစ်ပြီး ယခင်လ၏ စားသုံးသူ စျေးဆနှုန်း ၁၆၂ ဒသမ ၀၅ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၆၅ ရာခိုင်နှုန်းမြင့်တက်လာသည်။ Core Inflation တွက်ချက်ရန် စျေးနှုန်း တည်ငြိမ်မှု မရှိသည့် အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၏ စားသုံးသူစျေးဆနှုန်း (Core CPI) မှာ ၁၄၅ ဒသမ ၇၁ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၄၅ ဒသမ ၄၈ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
စားသုံးသူစျေးဆနှုန်း၏ နှစ်အလိုက် ပြောင်းလဲမှုအခြေအနေကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၏ စားသုံးသူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၁၀ ဖြစ်သဖြင့် ယခင်နှစ် အလားတူလ၏အခြေအနေ ၁၅၉ ဒသမ ၈၅ နှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၏ Core CPI မှာ ၁၄၅ ဒသမ ၇၁ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ Core CPI အခြေအနေ ၁၃၉ ဒသမ ၁၂ နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အစားအစာအုပ်စု၏စျေးဆနှုန်းမှာ ၁၇၆ ဒသမ ၅၁ ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၇၄ ဒသမ ၇၁ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဆန် (ဧည့်မထ)၊ စားသုံးဆီ၊ ဝက်သား၊ အမဲသား၊ ဘဲဥ၊ ငါးမြစ်ချင်း၊ ပုစွန်ခြောက်နှင့် ငါးရံ့ခြောက်စျေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့သော်လည်း ကြက်သား၊ ကြက်ဥ၊ ငါးခူနှင့် ငါးရံ့စျေးနှုန်းများ ကျဆင်းလာသည်။ စားဖိုဆောင်သီးနှံများဖြစ်သော ကုလားပဲခြမ်း၊ အာလူး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီစျေးနှုန်းများ မြင့်တက်လာသကဲ့သို့ ရာသီပေါ်သီးနှံဖြစ်သော ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးစျေးနှုန်းများ သိသိသသာမြင့်တက်လာခဲ့သည်။ ထို့ပြင် ဘူးသီး၊ ခရမ်းသီး၊ မုန်လာဥနီ၊ ကန်စွန်းရွက်နှင့် ပဲတောင့်ရှည်စျေးနှုန်းများမှာလည်း အနည်းငယ်မြင့်တက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အစားအစာမဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၄ ဖြစ်သဖြင့် ယခင်လ အခြေအနေနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှု မရှိဘဲတည်ငြိမ်နေသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းများမှာ ယခင်လကထက် ၃၅ ကျပ်ခန့်ကျဆင်းလျက်ရှိပြီး လွန်ခဲ့သောနှစ် အလားတူကာလထက် ၁၇၆ ကျပ်ခန့် ကျဆင်းနေသည်။ ထို့အတူ ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီစျေးနှုန်းမှာ ယခင်လကထက် အနည်းငယ်ကျဆင်းလာခဲ့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ဆန်စျေးနှုန်း၊ စားသုံးဆီစျေးနှုန်း၊ အချို့အသားစျေးနှုန်းများ၊ စားဖိုဆောင်သီးနှံများ၊ ရာသီပေါ်ဟင်းသီးဟင်းရွက်အသီးအနှံများနှင့် ရွှေစျေးနှုန်းမြင့်တက်လာခြင်းကြောင့် စားသုံးသူစျေးဆနှုန်းမှာ ယခင်လကထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး သုံးမြို့တို့တွင် ယခင်လနှင့်နှိုင်းယှဉ်ပါက ကချင်ပြည်နယ်တွင် ကျဆင်းလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် မြင့်တက်မှုရှိနေသည်ကို တွေ့ရှိရသည်။ လအလိုက်ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် ပြည်ထောင်စုနယ်မြေတွင် ၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကချင်ပြည်နယ်တွင် - ၀ ဒသမ ၂၃ ရာခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်