
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများဝယ်ယူခွင့်ပြုပြီး ခုနစ်လကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၅၀၀၀ ကျော်ကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစတင်ကာ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန်စတော့အိတ်ချိန်းစာရင်းကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၆ ရက်စာရင်းများအရ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီခြောက်ခုအနက် ကုမ္ပဏီလေးခု၏ အစုရှယ်ယာ ၄၅၀၅၀၂၂ ခုကို ဝယ်ယူထားသည်။ ကုမ္ပဏီအလိုက်ဝယ်ယူထားသော အစုရှယ်ယာပမာဏများမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (FMI) တွင် ၄၄၆၀၀၆၀ ခု၊ မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးလ်ဒင်းပတ်ပလစ်လီမိတက် (MTSH) တွင် ၃၈၃၉၉ ခု၊ Ever Flow River Group Public Co., Ltd တွင် ၆၃၅၈ ခု၊ TMH Telecom Public Co.,Ltd တွင် ၂၀၅ ခုဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ကြေညာချက်အမှတ် (၄/ ၂၀၂၀) ဖြင့် အသိပေးကြေညာသည်။
မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြးချက်အမှတ် (၁/၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၍ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အပိုဒ် ၃ (ဂ) အရ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ (တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအပါအဝင်) အနေဖြင့် ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုသို့ သွားရောက်၍ ထောက်ခံစာရယူရန် လိုအပ်သည်။ ယင်းနောက် ပြည်တွင်း၌ နေထိုင်သူဖြစ်ပါက Resident Kyat Account for Securities (R-KAS) နှင့် ပြည်ပတွင် နေထိုင်သူဖြစ်ပါက Non- resident Kyat Account for Securities (N-KAS) နှင့် Non-resident Foregin Currency Account for Secuities (N-FAS) ဘဏ် စာရင်းများဖွင့်လှစ်ပြီးမှသာ Securities Company များတွင် Securities Account များ ဖွင့်လှစ်ရန်ဖြစ်သည်။
သို့ဖြစ်ပါ၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများအနေဖြင့် ကော်မရှင်မှသတ်မှတ်ထားသည့် ဘဏ်စာရင်းများအသီးသီးဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က မေတ္တာရပ်ခံအသိပေး ကြေညာထားသည်။
ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသား ပါဝင်ဆောင်ရွက်ရာတွင် ဘဏ်များ လိုက်နာဆောင်ရွက်ရမည့်အချက်များကို နိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၃/ ၂၀၂၀ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ များအရ ပြည်တွင်း၌ နေထိုင်သူနိုင်ငံခြားသားနှင့် ပြည်ပတွင် နေထိုင်သူ နိုင်ငံခြားသားများကို ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယားများအား ရောင်းဝယ်ခွင့်ပြုမည်ဖြစ်သည်။
ညွှန်ကြားချက်အမှတ် ၁/၂၀၂၀၊ အပိုဒ် ၁၉ အရ နိုင်ငံခြားသားများအနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ရာတွင် ယင်းတို့၏ရင်းနှီးမြှုပ်နှံငွေများ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရငွေများ နိုင်ငံခြားသို့ ပြန်လည်ပေးပို့ခြင်းများဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်မှုကို ခံယူရန်ဖြစ်ကြောင်း ညွှန်ကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်