ယူကရိန်းကို ထောက်ခံသည့် ဝါရှင်တန်၏ ရပ်တည်ချက်သည် လာမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအပြီးတွင် ပြောင်းလဲသွားနိုင်ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက ဝန်ခံပြောကြားသည်။
“ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ဇယ်လင်စကီးက ABC News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ကမလာဟဲရစ် တို့နှင့် သူဆွေးနွေးရန်ရည်ရွယ်ထားသည့် ပဋိပက္ခဖြေရှင်းရေး အစီအစဉ်သည် အရေးကြီးကြောင်း ဇယ်လင်စကီးကဆိုသည်။
ဇယ်လင်စကီး က သူ၏ အစီအစဉ်သည် ပဋိပက္ခကို အမြန်အဆုံးသတ်ရန် ရည်ရွယ်ပြီး “တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်း အဆုံးသတ်မည်”ဟု အခိုင်အမာဆိုခဲ့သည်။
ထိုအတောအတွင်း ဇယ်လင်စကီးနှင့် နီးစပ်သူတစ်ဦးက ABC News သို့ ပြောကြားရာတွင် “ဇယ်လင်စကီး၏ အစီအစဥ်တွင် အချက်ငါးချက် ပါဝင်ပြီး အဓိကအချက်မှာ ယူကရိန်းအတွက် သတ်မှတ်ထားသော စစ်ရေးအကူအညီ ပမာဏအပြင် သံတမန်ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အချက်အချို့လည်း ပါဝင်သည်။ သို့သော်လည်း ရုရှားဖက်က ကမ်းလှမ်းထားချက်များကို လိုက်လျောမှုများ မပါဝင်ပါ”ဟုဆိုသည်။
အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
