တိုက်ပွဲများကြောင့် မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် လက်ရှိအချိန်၌ ပစ်ခတ်တိုက်ခိုက်မှုများ မရှိသလောက် ငြိမ်သက်နေပြီး၊ ဒေသခံစစ်ရှောင်ပြည်သူများ ပြန်လည်အခြေချနေထိုင်လာကြပြီဖြစ်ကာ တည်ငြိမ်အေးချမ်းလျှက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
လက်ရှိတွင် တိုက်ပွဲတိမ်းရှောင်သွားရသည့် ဒေသခံပြည်သူ ထက်ဝက်ကျော် ပြန်လည် အခြေချနေထိုင်နေပြီဖြစ်ကြောင်းနှင့် မြို့တွင်း အုပ်ချုပ်ရေးယန္တယားများ ပုံမှန်လည်ပတ်လျှက်ရှိကြောင်း သိရသည်။
“ကော့ကရိတ်က တိုက်ပွဲမဖြစ်တော့တာကြာပြီ။ ရှောင်နေတဲ့ဒေသခံ ထက်ဝက်ကျော် ပြန်ပြီးနေ နေကြတယ်။ တိုက်ပွဲက မဖြစ်တာတော်တော်ကြာပြီ။”ဟု ၎င်းက ရှင်းပြသည်။
ယခု စက်တင်ဘာလအတွင်း ကော့ကရိတ်မြို့ မိုးရက်ဆက်ရွာသွန်းမှုများကြောင့် အမှတ်(၅) ရပ်ကွက်၊ ကွက်သစ် ၊ ရေလည်ကုန်း ၊ ဒညင်းကုန်း နှင့် အမှတ် (၄)ရပ်ကွက် အစွန်အဖျားရှိ လူနေအိမ်အချို့ ရေအနည်းဝင်ရုံမှအပ ကြီးကြီးမားမား ရေဘေးဒဏ် ခံစားရခြင်း မရှိကြောင်း သိရသည်။
ယခုနှစ် ဧပြီလအတွင်း KNLA/PDF လက်နက်ကိုင်အဖွဲ့များ ကော့ကရိတ်မြို့မှ ဆုတ်ခွာသွားပြီးနောက်ပိုင်း တပ်မတော်ဘက်မှ မြို့တွင်းလုံခြုံရေးအတွက် ကြွင်းကျန်နေတတ်သော စစ်လက်နက် ပစ္စည်းများနှင့် မိုင်းကြွင်းမိုင်းကျန်များကို ရှင်းလင်း ဖယ်ရှားပေးပြီးနောက် ကော့ကရိတ်မြို့အတွင်းသို့ ဒေသခံ တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁)ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ဒေသခံများအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်စစ်ရှောင်နေကြရခြင်းခြင်းဖြစ်သည်။
လက်ရှိတွင် ကော့ကရိတ်မြို့ စစ်ရေးအခေုအနေများပြန်လည်ငြိမ်သက်နေပြီဖြစ်သော်လည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် KNLA/PDF လက်နက်ကိုင်အဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဖြတ်သန်းသွားလာ၍ မရရှိသေးပေ။
အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် တိုက်ပွဲများ ဆက်လက်မဖြစ်ပွါးရေးအတွက် မေလ (၇) ရက်နေ့က ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေဆုံပွဲသို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး (၂၅၁) ပါး၊ ခရစ်ယာန်ဆရာတော် (၁၀) ပါးနှင့် ဒေသခံပြည်သူလူထု (၈၄၇) ဦးတက်ရောက်ခဲ့ပြီး၊ KNU ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး နှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းအပြင် ဘားအံခရိုင်အတွင်းရှိ ဒေသတာဝန်ရှိသူများ၊ DKBA အဖွဲ့မှ စောကျော်သန်းဌေး၊ BGFမှ ဗိုလ်ကြာအင်း နှင့် KNU/KNLA – (PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့် တို့ တက်ရောက်ခဲ့ကြသည်ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များ တွင် တွေ့ရသည်။
ထိုတွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ကြပြီး၊ အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန်၊ KNU အနေဖြင့် မူဝါဒကြီး ချမှတ်ထားသော်လည်း စစ်ရေးနည်းဖြင့် အဖြေရှာလိုသည့် ခေါင်းဆောင်တချို့ရှိနေ၍ လက်ရှိစစ်ပွဲများကြောင့် ပြည်သူလူထုများ၏ အိုးအိမ်များ၊ ဘာသာရေအဆောက်အဦးများ၊ ရပ်ရွာများ မီးလောင်ပျက်ဆီးပြီး ထိခိုက်ေ-သဆုံးနေရကြောင်း ဖေါ်ပြထားသည်။
ထို့ကြောင့် KNU အနေဖြင့် ၎င်းတို့ချမှတ်ထားသည့် မူဝါဒအတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာသွားနိုင်ရေးနှင့် KNU က မျှော်မှန်းထားသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ရောက်ရှိနိုင်ရေးအတွက် ရဟန်းရှင်လူ ပြည်သူများနှင့် ခေါင်းဆောင်များက ပံ့ပိုးတွန်းအားပေးသွားမည်ဖြစ်ကြောင်းသဘောထားထုတ်ပြန်ချက်တွင် တိုက်တွန်းထားကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
