ရှမ်း/မြောက် သီပေါမြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားသည့်အခြေအနေပေါ်မူတည်၍ မြို့တွင်းသွားလာနေကြရကာ အများစုမှာ နေအိမ်အတွင်း၌ပင် နေထိုင်ကြသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ယနေ့ စက်တင်ဘာ (၂၅)ရက်၌ မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးအတိုင်း ယာဉ်ကြီးယာဉ်ငယ်အချို့ ပုံမှန်ဖြတ်သန်းသွားလာနေကြသော်လည်း သီပေါမြို့တွင်းလမ်းနှင့် ရပ်ကွက်များအတွင်း လူသွားလူလာ နည်းပါးနေကြောင်း ဆိုသည်။
“လုံခြုံရေးအနေအထားစိုးရိမ်စရာရှိနေလို့ လက်ရှိ နေထိုင်ကြသူတွေကအိမ်ထဲမှာ နေကြတာများပါတယ်။ ဒေသခံတွေမြို့ကိုစွန့်ခွာပြီး တိတ်ဆိတ် ခြောက်ကပ် နေတာမျိုးတော့မတွေ့ရပါဘူး။ လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးသံတော့ နေ့စဉ်ကြားနေရပေမဲ့အခြေအနေကြည့် လှုပ်ရှားသွားလာ နေထိုင် နေကြရတယ်”ဟု ဒေသတွင်း ခရီးသွားတစ်ဦးက ဆိုသည်။
လက်ရှိတွင် သီပေါမြို့၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး၊ ရပ်ဝေးမိသားစုအား ဆက်သွယ်လိုသူများအနေဖြင့် ကျောက်မဲမြို့ နှင့် နောင်ပိန်ရွာအကြား ရင်ခွဲတောင် အကျော် သစ်ယားပင်ကွေ့တွင် သွားရောက်အသုံးပြုသူများရှိကြောင်း နောက်ထပ်ဒေသခံတစ်ဦး၏ ပြောကြားမှုအရသိရသည်။
ဓာတ်ပုံ-ဒေသတွင်း ခရီးသွားတစ်ဦး

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
