ဧကရာဇ် Alexander III နှင့် Krasnoyarsk ဟု အမည်ပေးထားသော ရုရှား၏ ဗျူဟာမြောက် ရေငုပ်သင်္ဘောများသည် ယင်းတို့၏ မြောက်ပိုင်းပစိဖိတ် ခရီးစဉ်များပြီးဆုံးသဖြင့် Kamchatka ရှိ Vilyuchinsk ရေငုပ်သင်္ဘောအခြေစိုက်စခန်းသို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့အား ရုရှား ရေတပ်ဦးစီးချုပ် Alexander Moiseyev နှင့် လက်ထောက် ကာကွယ်ရေးဝန်ကြီး Pavel Fradkov တို့က ဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်။
“နောက်ဆုံးပေါ် နျူကလီးယား ရေငုပ်သင်္ဘောများသည် ခက်ခဲသော ရေခဲပြင်အောက်ခရီးစဉ်များကို ပြီးမြောက်ခဲ့ပြီး ပစိဖိတ်ရေတပ်၏ အဓိကအခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ သတ်မှတ် အတန်းအစားနှင့် မယှဉ်သာဘဲ ပစိဖိတ်ရေယာဉ်စုတွင် ရုရှား၏ စစ်ရေးအင်အား၊ စစ်ဆင်ရေးဗျူဟာမြောက် ဟန့်တားခြင်းဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းရန်၊ ထိန်းသိမ်းရန်နှင့် တိုက်ခိုက်ရေး အလားအလာများကို တိုးမြှင့်ရန် အဆင်သင့်ရှိနေပြီဖြစ်သည်” ဟု လက်ထောက် ကာကွယ်ရေးဝန်ကြီး Pavel Fradkovက ပြောသည်။
ရေတပ်ဦးစီးချုပ် Alexander Moiseyev က ဂုဏ်ထူးဆောင် ရေငုပ်သင်္ဘောများအား ဌာနဆိုင်ရာ ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။ လက်ထောက် ကာကွယ်ရေးဝန်ကြီး Pavel Fradkov ကလည်း ကာကွယ်ရေးဝန်ကြီးထံမှ လက်ဆောင်များကို ရေငုပ်သင်္ဘောတပ်မှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
