စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တွင်စက်တင်ဘာလ (၂၄) ရက်၊ နံနက်ပိုင်းက ကျောင်းခန်းမ၊ ရုံးခန်းနှင့် စာသင်ခန်း (၃) ခန်း မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။
ယမန်နေ့ နံနက် (၅) နာရီ ကျော်အချိန်ခန့်က လျှပ်စစ်ဝါယာလျော့ ဖြစ်ရာမှ ကျောင်းခန်းမ၊ ရုံးခန်း နှင့်စာသင်ခန်း (၃) ခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးနှင့် မုံရွာခရိုင်၊ မုံရွာမြို့နယ် မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၆) နာရီ မိနစ် (၄၀)တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မီးလောင်မှုဖြစ်ပွားမှု အခြေအနေများနှင့် ဆုံးရှုံးမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးလောင်ဆုံးရှုံးသွားသည့် ကျောင်းခန်းမ၊ ရုံးခန်းနှင့် စာသင်ခန်းများ အချိန်မီပြန်လည်တည်ဆောက်ရေး၊ ကျောင်းနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ စာသင်ခုံများ၊ ပရိဘောဂပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အမြန်ပြန်လည်ဖြည့်တင်းရေး၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/သူများအတွက် သင်ကြားရေး လုပ်ငန်းများအား ရပ်နားမှုမရှိစေရန် ဆက်လက်သင်ကြားရေးများ ပြောကြားခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
