ထိပ်တန်းကစားသမားတွေရဲ့ကျန်းမာရေးအန္တရာယ်က စိုးရိမ်ရေမှတ်ရောက်နေပြီ။ ထိပ်တန်းကစားသမားတစ်ယောက်က တစ်ရာသီကို ပွဲ ၅၀ ကနေ ပွဲ ၆ဝကြား ကစားလာရတယ်။ အဲဒီလိုကစားနိုင်ဖို့ဆိုတာ ကစားသမားတိုင်းမဖြစ်နိုင်ပါဘူး။ အသက်အရွယ်က အဓိကကျပြီး ရက်သတ္တပတ်တစ်ခုအတွင်းမှာ နှစ်ပွဲထက်ပိုပြီး ကစားရတဲ့ အခြေအနေမျိုးက လူတိုင်းအတွက် မလွယ်ကူပါဘူး။ ရာသီတစ်ခုပြီးဆုံးတဲ့အခါ ကစားသမားတွေအတွက် အနားယူချိန်ရက်သတ္တပတ် ၅ ပတ်ကနေ၊ ၆ ပတ်ကြား လိုအပ်ပေမယ့် ရက်သတ္တပတ်သုံးပတ်လောက်ပဲ ရနေပါတယ်။ ထိပ်တန်းကစားသမားတွေဟာ သူတို့ချစ်မြတ်နိုးတဲ့ ဘောလုံးအားကစားနည်းအတွက် ပေးဆပ်ရင်း သူတို့အသက်အန္တရာယ်သူတို့ရန်ရှာသလို ဖြစ်နေပါပြီ။ အန်ဆယ်လော့တီလို နည်ပြမျိုးဆီကလည်း မတော်လောဘကို မြင်နေရတယ်။ ရာနှုန်းပြည့်မပေးဆပ်ရင် တစ်ရာသီစာလက်မှတ် ဝယ်ထားတဲ့ပရိသတ်တွေကို မျက်နှာပူစရာကောင်းတယ်ဆိုတာပဲ။ အန်ဆယ်လော့တီရဲ့စကားက စိတ်ဓာတ်လှုံ့ဆော်ရေးဆန်ပေမယ့် ကစားသမားတွေဟာ မရပ်မနားပေးဆပ်ရင်း အသက်သေဆုံးမယ့် ကျွန်တွေလိုမဖြစ်သင့်ပါဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
