ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်- မိုင်းပွန် -ဟိုပုံး- တောင်ကြီးလမ်းပိုင်းအတွင်း စက်တင် ဘာ(၁၃)ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ကာ လမ်းပိုင်းပိတ်ဆို့ခဲ့ရပြီး၊ ယမန်နေ့ စက်တင်ဘာ (၂၄)ရက်တွင် ယင်းလမ်းပိုင်းအား ပြန်လည်ရှင်းလင်းပြုပြင်နေပြီဖြစ်သည်ဟု ဒေသတွင်း ခရီးသွားတစ်ဦးက ပြောသည်။
” မြေသားပြိုနေတာရော လမ်းပုခုံးသားတွေ ပဲ့ထွက်နေတာ ပြိုသွားတာတွေကို လမ်းတစ်လျှောက်ပြန်ပြုပြင်နေတာတွေ့တယ်။ လူအားရော ယန္တယားအားရောပေါ့။ ကားငယ်လေးတွေတော့ ပေးဖြတ်ပါတယ်”ဟု အဆိုပါ ဒေသတွင်း ခရီး သွားတစ်ဦးက ဆိုသည်။
အဆိုပါ လွိုင်လင် – တောင်ကြီးလမ်း၊ ခေါင်းနွဲ့တောင်၌ ရေကြီးပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကုန်ကား၊ တွဲကား (၅) စီးထက်မနည်း ချောက်ထဲ ပြု–တ်ကျခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
အလားတူ ရှမ်း/တောင် ဆီဆိုင်၊ မောက်မယ်၊ လင်းခေး၊ မိုင်းပန်၊ နမ့်စန်၊ မိုးနဲ၊ လဲချား၊ မိုင်းကိုင်၊ မိုင်းပွန်၊ ဟိုပုံး၊ မိုင်းကိုင်မြို့နှင့် ရှမ်းအရှေ့ တာချီလိတ်၊ ကျိုင်းတုံမြို့မှာလည်း ရေကြီးရေလျှံမှုများနှင့်အတူ တောင်ပြိုကျမှုများ ကြုံတွေ့ခဲ့ရသည်။
မြန်မာနိုင်ငံတစ်ဝှမ်း စက်တင်ဘာ (၉)ရက်မှစတင်၍ ယာဂီမုန်တိုင်း အဖျားခတ် တိုက်ခိုက်မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စက်တင်ဘာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်းများဖြစ်ပွားခြင်းနှင့် မြေပြိုကျမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ရသည်။
ဓာတ်ပုံ-CJ




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
