ထိုင်း အလုပ်သမား ဝန်ကြီးဌာနက အထောက်အထားမဲ့ အလုပ်သမားများကို တိုက်ဖျက်ရေး ရက် ၁၂၀ စီမံကိန်းဖြင့် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာ သုံးလအတွင်း အလုပ်သမား နှစ်သိန်းခွဲနီးပါးအနက် မြန်မာနိုင်ငံသား နှစ်သိန်းနီးပါးလည်း ပါဝင်နေကြောင်း ထိုင်းသတင်းစာများက ဖော်ပြသည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင်မူ ၂၀၂၄ခုနှစ် ဇွန်လ ၅ ရက်မှ စက်တင်ဘာ ၁၉ ရက်နေ့ထိ ရက်ပေါင်း ၁၀၀ ကျော်အတွင်း အထောက်ထားမဲ့ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၅၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ရာ မြန်မာအလုပ်သမား ၁၉၃,၄၃၀ ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ကမ္ဘောဒီးယားအလုပ်သမား ၃၉,၇၃၆ ဦး ၊ လာအိုအလုပ်သမား ၁၅,၂၈၁ ဦး ၊ ဗီယက်နမ်အလုပ်သမား ၁၆၂ ဦး နှင့် အခြားနိုင်ငံသားအလုပ်သမား ၇,၆၀၄ ဦးတို့ ပါဝင်ကြောင်း လည်း သိရသည်။
ဖမ်းဆီးထားသူများနှင့် ပက်သက်၍ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာထားသော်လည်း မည်ကဲ့သို့အရေးယူမှုမျိုးဆောင်ရွက်မည်ကို ဖော်ပြထားခြင်းမျိုး မရှိသေးပေ။
ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေများတွင်မူ ပြည်ပအလုပ်သမားများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း မရှိသော၊ အလုပ်ပါမစ်မရှိသော နိုင်ငံခြားသား အလုပ်သမားများ၊ ထိုင်းအစိုးရက ခွင့်မပြုထားသည့် လုပ်ငန်းများ၌ လုပ်ကိုင်သူများသည် ပြည်နှင်ဒဏ်ပေးခံရနိုင်သလို ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့် ၂ နှစ် ပိတ်ပင်ခံရခြင်းမျိုးရှိကာ ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ကျသင့်နိုင်ကြောင်းလည်း သိထားရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
