ဂျပန်ကစ်ဘောင်ဆင်ဖိုက်တာ တာခဲယုက စက်တင်ဘာ ၂၇ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်ရမည့် One Friday Fight 81 ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား သန့်ဇင်ကို အလဲထိုးဖြင့် အနိုင်လိုချင်ကြောင်း ပွဲကြိုအနေဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျပန်ဖိုက်တာ တာခဲယုက "ကျွန်တော့်အတွက် တစ်လ လေ့ကျင့်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒီပွဲ(သန့်ဇင်) အတွက် ကျွန်တော့်ရဲ့ ထိုးသတ်ဟန်နဲ့ ဗျူဟာပိုင်းကို ပြောင်းလဲထားပါတယ်။ ONE မှာ ဒုတိယအကြိမ် ထိုးသတ်ခွင့်ရတာဖြစ်လို့ ကျွန်တော့်အနေနဲ့ ပထမဆုံးနိုင်ပွဲ လိုချင်ပါတယ်။ ကျွန်တော့်အတွက် အမှန်တကယ် အနိုင်ရဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ဆိုတော့ အနိုင်ရမှ ကျွန်တော် ဆူပါလက်ကို ပြန်စိန်ခေါ်ခွင့်ရမှာဖြစ်လို့ပါ။ သူ့(သန့်ဇင်) ထိုးသတ်ပုံတွေကို ကျွန်တော် လေ့လာထားပါတယ်။ သူက အားကောင်းတဲ့ ပါ၀ါလက်သီးတွေကို သုံးလေ့ရှိပါတယ်။ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး လက်သီးတွေ တရစပ်ပစ်သွင်းတတ်ပါတယ်။ ဒါကိုတော့ ကျွန်တော် သတိထားရမှာပါ။ သူက လူငယ်ဖိုက်တာဖြစ်လို့ လှုပ်ရှားမှုက မြန်ဆန်တယ်။ ခွန်အားလည်းကောင်းတယ်။ အနိုင်ရလိုစိတ်အပြည့်နဲ့ ပြင်းပြင်းထန်ထန် ကစားတတ်တယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော် အလဲထိုးပြီး အနိုင်လိုချင်ပါတယ်။ ကျွန်တော် အမှန်တကယ်ကို အနိုင်လိုချင်တာပါ။ ကျွန်တော်က ထိပ်ဆုံးကို ရောက်ချင်သူပါ။ သေချာတာက ဒီပွဲမှာ ကျွန်တော်မရှုံးပါဘူး။ ONE မှာ ကျွန်တော် နှစ်ပွဲဆက်ရှုံးမှာ မဟုတ်ပါဘူး။ ONE မှာ ကျွန်တော် ကမ္ဘာ့ချန်ပီယံတစ်ယောက် ဖြစ်ချင်တာပါ"ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။
One Friday Fight 81 ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး စိုးလင်းဦးသည် ဘင်တမ်ဝိတ် မွေထိုင်းအဖြစ် ထိုင်းနာမည်ကြီးဖိုက်တာ နာဘေးလ်နှင့်လည်းကောင်း၊ သန့်ဇင်သည် ဖလိုင်းဝတ်ကစ်ဘောင်ဆင်အဖြစ် ဂျပန်နာမည်ကြီးဖိုက်တာ တာခဲယုနှင့်လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
