အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် အရှေ့အလယ်ပိုင်း၊ ဆူဒန်တို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ စက်တင်ဘာ ၂၃ ရက်တွင် ယူအေအီးသမ္မတ ရှိတ်မိုဟာမက်အယ်လ်နာယန်ကို တွေ့ဆုံခဲ့သည်။
ဆူဒန်အရေးနှင့်စပ်လျဉ်း၍ ပင်လယ်ကွေ့အင်အားကြီးနိုင်ငံ ယူအေအီး၏ကိုယ်ပိုင်အခန်းကဏ္ဍနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေသည့်တိုင် အမေရိကန်သမ္မတသည် ဆူဒန်ကိစ္စကို ယူအေအီးသမ္မတနှင့် ဆွေးနွေးခဲ့သည်။
ဒီမိုကရက်တစ်ပါတီ၏သမ္မတလောင်း ကာမလာဟဲရစ်သည်လည်း ယူအေအီးခေါင်းဆောင်ကို အိမ်ဖြူတော်တွင်တွေ့ဆုံခဲ့သည်။ ယူအေအီးသမ္မတ၏ပထမဆုံး အမေရိကန်ခရီးစဉ်အတွင်း ဟဲရစ်နှင့် သမ္မတရှိတ်မို ဟာမက်အယ်လ်နာယန်တို့တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံခဲ့ကြပြီးနောက် ဂျိုးဘိုင်ဒင်နှင့်ရှိတ်မိုဟာမက်တိုိ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဆူဒန်၏စစ်ဒဏ်သင့် ဒါဖာဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ရက်စက်ကြမ်းကြုတ်မှုများဖြစ်လာမည့်အရေးကို ၎င်းတို့နှစ်ဦးစလုံးက စိုးရိမ်ပူပန်နေသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် ဆူဒန်စစ်တပ်နှင့်ဆူဒန် ခြေလျင်အကူလက်ရုံးတပ်(RSF)တို့ဖြစ်ပွားနေသော ရက်စက်သည့် ပြည်တွင်းစစ်တွင်ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်ထံပြန်သွားရန် လည်း ဆော်သြထားသည်။
သို့ရာတွင် ဒါဖာဒေသတွင် လူသားအပေါ်ရာဇဝတ်မှုများကျူးလွန်နေပြီး လူမျိုးတုံးသတ်ဖြတ်မှုကို လုပ်ဆောင်နေသည်ဟု အမေရိကန်ပြည်ထောင်စုက စွပ်စွဲထားသော RSF ကို ယူအေအီးကထောက်ခံနေသည်ဟု ဆူဒန်၏အကြိမ်ကြိမ်စွပ်စွဲပြောကြားမှုကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
ထိုအစား ပူးတွဲထုတ်ပြန်ချက်တွင်“ဆူဒန်၌ စစ်ဖြစ်နေသောအဖွဲ့အားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေအရ ၎င်းတို့ တာဝန်ခံထားမှုများအတိုင်းလိုက်နာကြရမည်”ဟု ဖော်ပြထားသည်။
ဖွတ်ဖွတ်ညက်ညက်ကြေနေသာအယ်လ်ဖာရှားမြို့၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ၁၇ လကြာမြင့်နေပြီဖြစ်သော ဆူဒန်စစ်ပွဲအကြောင်းကို ယခုသီတင်းပတ်ထဲ၌ နယူးယောက်မြို့တွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဆွေးနွေးမီ အမေရိကန်သမ္မတနှင့်ယူအေအီးသမ္မတတို့ တွေ့ဆုံ ခဲ့ကြခြင်းဖြစ်သည်။
ယူအေအီးသမ္မတကို သီးခြားတွေ့ဆုံခဲ့သော ကာမလာဟဲရစ်ကလည်း ဆူဒန်အရေးကို အလွန်စိုးရိမ်ကြောင်းပြောကြားခဲ့သည်ဟု ဟဲရစ်၏ရုံးက ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်၌ ဟား မာ့စ်နှင့်အစ္စရေးတို့ဖြစ်ပွားနေသော စစ်ပွဲသည်လည်း အရေးပါသောအကြောင်းအရာ ဖြစ်ခဲ့သည်။ ဂါဇာကမ်းမြောင်ကို စစ်အပြီးပြန်လည်တည်ဆောက်ရာတွင် ယူအေအီးသည် အရေးပါသော ကဏ္ဍမှပါဝင်မည်ဟု မျှော်လင့်ရသည်။
ဂါဇာစစ်ပွဲအဆုံးသတ်စေရေးအတွက်လည်းကောင်း၊ ကိစ္စရပ်အများအပြားကို ကြိုးပမ်းဆောင်ရွက်ရေးအတွက် လည်းကောင်း မိမိတို့ဆွေးနွေးကြမည်ဟု သမ္မတအဖြစ် နောက်ဆုံးလများကို ထမ်းဆောင်နေသော ဘိုင်ဒင်က ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
