ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် စံချိန်တင်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် အခြေခံပညာကျောင်းအချို့အား ယာယီပိတ်ထားခဲ့ရသည်။
ထိုသို့ ယာယီပိတ်ထားခဲ့ရာမှ ရေများပြန်လည်ကျဆင်းသွားချိန်တွင် စာသင်ကျောင်းများအ တွင်း၌ ရွှံ့နွံများ၊ အမှိုက်သရိုက်များတင်ကျန်ရစ်မှုအပြင် ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သော စာသင်ကျောင်းများလည်းရှိသဖြင့် တာဝန်ရှိသူများ၊ ကျောင်းသားဟောင်းများ၊ လူမှုကူညီရေးအသင်းဝင်များက ယာဥ်၊ယန္တရားများဖြင့် ပြန်လည်ပြုပြင်မှုများနှင့်ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြသည်။
ပြုပြင်ရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကြသဖြင့် အ.ထ.က(ဆန်ဆိုင်း)အား အောက်တိုဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အ.လ.က(ခွဲ)(တာလော့)တွင် ပြုပြင်ရှင်း လင်းမှုများပြုလုပ်ရန်ကျန်ရှိနေခြင်းကြောင့် ယင်း ကျောင်းတွင်တက်ရောက်နေသည့် KG တန်းမှ Grade-3 တန်းအထိအား တာချီလိတ် မြို့ နယ်ဓမ္မာရုံ၊ Grade-4 တန်းမှ Grade-9 တန်းအထိအား အ.ထ.က(မကာဟိုခမ်း)တို့တွင် စက်တင်ဘာ ၃၀ ရက်မှစတင်၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းရှိခဲ့သည့်အနက် စာသင်ကျောင်း (၆)ကျောင်းအား စက်တင်ဘာ ၁၈ ရက်က ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
