Top News

ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ဒေသများသို့ (၆) ပြည်ပါ ဆန်အိတ်ပေါင်း (၄၀,၀၀၀) ကို နေ့စဉ် အသုတ်လိုက် ဖြန့်ဝေလှူဒါန်းပေးနေ
24htopnews | September 26, 2024 12:14 AM CST

နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသများသို့ ကမ္ဘောဇဘဏ်မှ ငွေကျပ် (၁) ဘီလီယံကျော် တန်ဖိုးရှိ တစ်အိတ်လျှင်ဆန်(၆) ပြည်ပါ ဆန်အိတ်ပေါင်း (၄၀,၀၀၀) ကို ရန်ကုန်မြို့မှ နေ့စဉ် အသုတ်အလိုက် စနစ်တကျ ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း ကမ္ဘောဇဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇဘဏ်မှ ယမန်နေ့ စက်တင်ဘာ (၂၄)ရက်က ကုန်တင်ကား တစ်စီးလျှင် ဆန်အိတ်ပေါင်း
(၂,၈၀၀) အိတ်စီ တင်ဆောင်လာသော ကုန်
တင်ကားနှစ်စီးသည် ရန်ကုန်မြို့မှ ထွက်ခွာ၍ ရေဘေးသင့်ဒေသများသို့ ဆန်အိတ်ပေါင်း (၄၀,၀၀၀) ပြည့်သည်အထိ လှူဒါန်းသွားမည်
ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုသို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိရာ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ လယ်ဝေး၊ တာချီလိတ် အစရှိသည့် ရေဘေးဒဏ် ပြင်းထန်စွာ ခံစားရသည့် နေရာဒေသ အသီးသီးသို့ တစ်ချိန်တည်း တပြိုင်တည်းသွားရောက်၍ နေ့စဉ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကမ္ဘောဇဘဏ်မှ ပရဟိတအဖွဲ့အစည်းများနှင့် လက်တွဲကာ ဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပခုက္ကူမြို့တို့မှ ရိက္ခာနှင့် အဝတ်အထည်၊ အိမ် သုံးဆေးဝါးများ တင်ဆောင်ထားသည့် ကုန်တင်ကားကြီးများလည်း ထွက်ခွာလျက် နေ့စဉ်ကူညီလှူဒါန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK