မော်လမြိုင်မြို့၊ တောင်ရိုးတန်း နဂါးမောက်စေတီတော်ရင်ပြင်ပေါ်တွင် မြဆည်းဆာ ဆရာတော်၏ ဩဝါဒအား ခံယူလျှက် ရာသက်ပန် စတုဒီသာထမင်းကျွေးမွေးခြင်းအလှုတော်အား နေ့စဉ်မပြတ်လှူဒါန်းမှုပြုလျှက်ရှိကြောင်းအကျိုးတော်ဆောင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
အဆိုပါ ထမင်းကျွေးမွေးခြင်း အလှူတော်သည် ဒေသခံ အခြေခံလူတန်းစားများနှင့် ဘုရားဖူး ပြည်သူတို့အတွက် ရည်စူး၍ပြုလုပ်ခြင်းဖြစ်ပြီး ယင်းအလှုတော်ပြုလုပ်မှုမှာ (၃) နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဆိုသည်။
“နဂါးမောက် စတုဒီသာက ရာသက်ပန် ကျွေးတာပေါ့။ သုံးနှစ်ရှိပြီ။ ပထမက တစ်ပတ်တစ်ရက် ၊ နောက်တစ်ပတ် နှစ်ရက်ကနေပြီးတော့ ငါးရက် အခုဆိုနေ့တိုင်းကျွေးတာပေါ့။ အရင် သာမညလို ပုံစံပေါ့။ ဒါပေမဲ့ အခုဟာက မြို့လယ်မှာ ထမင်းဆိုင်လို ပုံစံပြင်ဆင်ပြီး ကျွေးတာပေါ့။ ပြည်သူလူ ထုတွေ စားဝတ်နေရေး ခက်ခဲနေတဲ့အချိန် မြဆည်းဆာ နဂါးမောက်ဆရာတော်ရယ် ပင်တိုင်အလှူရှင်ကတော့ မော်လမြိုင်က ဦးလှထွန်းပေါ့။ သူက ဒီစတုဒီသာကြီးဖြစ်ဖို့ပင်တိုင်အမာခံ မတည်လှူဒါန်းတာပေါ့။ ပြင်ပက အလှူရှင်တွေ လှုတာရှိရင် သူကလိုတာကို အမြဲမတည်လှူပေးတာပေါ့။ အလှုရှင်မရှိလည်း သူက မတည်လှူဒါန်းတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုသို့ နေ့စဉ်မပြတ် ထမင်းကျွေးမွေးရာတွင် အနည်းဆုံး သက်သက်လွတ် ဟင်း(၅)မယ်ဖြင့် ကျွေးမွေးနေခြင်းဖြစ်ပြီး မည်သူမဆို နံနက် (၉)နာရီမှ ညနေ(၆)နာရီအတွင်း လူမျိုးဘာသာ
မရွေး၊ ဆင်းရဲချမ်းသာမရွေး အကြိမ်အရေအတွက်၊ လူဦးရေအကန့်အသတ်မရှိ လာရောက် သုံးဆောင်နိုင်ကြောင်း သိရသည်။
မြဆည်းဆာ ဆရာတော်သည် မော်လမြိုင်မြို့၌ မြဆည်းဆာ ပရိယတ္တိစာသင်တိုက်အပါအဝင်
မြဆည်းဆာ မိဘမဲ့ဂေဟာ၊ မြဆည်းဆား ဘိုးဘွားရိပ်သာစသည့် လောကီ လောကုတ္တရာ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာတော်တစ်ပါးဖြစ်သည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
