ကာဂျစ်စတန်နိုင်ငံ၊ Bishkek မြို့တွင်ကျင်းပမည့် အာရှယူ-၂၀ ခြေစစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို Dolen Omurzakov Stadium ၌ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်ကကျင်းပခဲ့ရာ ” ပွဲစဥ်တိုင်းကို လေးလေးစားစားယှဥ်ပြိုင်သွားမှာပါ။ အသင်းဖော်တွေအားလုံးလည်း စည်းစည်းလုံးလုံးနဲ့ ပုံစံကောင်းရနေပါတယ်။ လက်ရှိမှာတော့ တစ်သင်းလုံးက အိမ်ရှင်ကာဂျစ်စတန်နဲ့အဖွင့်ပွဲစဥ်ကို အပြည့်အဝအာရုံစိုက်ထားပါတယ်” ဟု မြန်မာလက်ရွေးစင် ယူ-၂၀ အသင်းခေါင်းဆောင်စွမ်းထက်ကပြောသည်။
ထို့ပြင် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း၏ နည်းပြချုပ်ဦးအောင်နိုင်မှလည်း ယခုအုပ်စုတွင် အာရှအင်အားကြီးအသင်းများဖြစ်သည့် ဂျပန်၊ အိမ်ရှင်ကာဂျစ်စတန် အသင်းကောင်းများပါဝင်နေကာ ခြေစစ်ပွဲဖြစ်၍ အသင်းတိုင်းမှာ အခွင့်အရေးကိုယ်စီရှိနေသည်ဟု ပြောသည်။
ထို့အတူ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ရသည့်အခွင့်အရေးကို အကောင်းဆုံးအ သုံးချ၍ ရလဒ်ကောင်းရရှိရန်ကြိုးစားသွားမည်ဖြစ်ကာ ပြိုင်ဘက်အသင်းများ၏ ခြေစွမ်းပိုင်း၊ အားသာချက်၊ အားနည်းချက်များကို သေချာလေ့လာထားသည်ဟု ပြောသည်။
မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ကာဂျစ်စတန် ယူ-၂၀ အသင်းနှင့် ယနေ့ စက်တင်ဘာ ၂၅ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
