မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးများ (Big Chances) ကို လွဲချော်မှုအများဆုံးအသင်းအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးတွင် (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၂) ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၇) မှတ် ရရှိကာ အဆင့် (၁၁) နေရာတွင် ရပ်တည်နေသည်။ တန်ဟက်ဂ်၏ မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကလည်း ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင် (၅၇) ဂိုးသာ ရရှိခဲ့ကာ ဇယားထိပ်ဆုံး (၁၀) သင်းတွင် ဂိုးသွင်းအနည်းဆုံးဖြစ်ခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင်လည်း ဂိုးရရန် ရုန်းကန်နေရဆဲဖြစ်ပြီး စက်တင်ဘာ (၂၁) ရက် (စနေနေ့)က ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် ဘောလုံးပိုင်ဆိုင်မှု (၆၇) ရာခိုင်နှုန်းနှင့် ဂိုးပေါက်ကန်သွင်းမှု (၁၅) ကြိမ်အထိ ရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပေ။
Opta ၏အဓိပ္ပာယ်သတ်မှတ်ချက်အရ အပိုင်အခွင့်အရေးဆိုသည်မှာ ကစားသမားတစ်ဦးအနေဖြင့် အပိုင်ဂိုးရနိုင်သည်ဟု သတ်မှတ်သည့်အခြေအနေကို ဆိုလိုပြီး ပယ်နယ်တီကိုလည်း အပိုင်အခွင့်အရေးအဖြစ် သတ်မှတ်ထားသည်။ မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးတွင် ဂိုးရနိုင်သည့်အပိုင်အခွင့်အရေး (၁၇) ကြိမ်အထိ လွဲချော်ထားပြီး ယင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်း (၂၀) ထဲတွင် အများဆုံးဖြစ်သည်။ ဒုတိယနေရာတွင် လီဗာပူးလ်၊ အက်စတွန်ဗီလာနှင့် စပါးတို့က အပိုင်အခွင့်အရေး (၁၂) ကြိမ်စီ လွဲချော်ထားပြီး ပူးတွဲရပ်တည်နေကြသည်။
ကစားသမားများထဲတွင်မူ ယခုရာသီ ပရီးမီးယားလိဂ်၌ အပိုင်အခွင့်အရေးလွဲချော်မှု အများဆုံးအဖြစ် အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်က (၇) ကြိမ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။ ထိပ်ဆုံး (၈) ဦးတွင် မန်ယူကစားသမား (၃)ဦးထိပါဝင်ပြီး မန်ယူတိုက်စစ်ကစားသမားများဖြစ်သည့် ဂါနာချိုနှင့် ဇက်ဇီတို့က အပိုင်အခွင့်အရေး (၄) ကြိမ်ထိ လွဲချော်ထားကာ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က (၃) ကြိမ် လွဲချော်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
