မန်စီးတီးနှင့်ပွဲအပြီးတွင် အချိန်ဆွဲသည်ဟု စွပ်စွဲခံနေရသည့် အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အချိန်အဆွဲဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း Opta က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် စက်တင်ဘာ (၂၂)ရက်က ကစားခဲ့သည့် မန်စီးတီးအသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျသော ပရီးမီးယားလိဂ်ပွဲအပြီးတွင် အချိန်ဆွဲကစားသည်ဟု ဒုတိယပိုင်း၌ အချိန်ဆွဲကစားခဲ့သည်ဟု စွပ်စွဲခံနေရခြင်းဖြစ်သည်။ မန်စီးတီးကစားသမားအများစုက အာဆင်နယ်ကစားသမားများ၏ပွဲကို ရပ်တန့်ရန် ကြိုးစားမှုနှင့် အချိန်ဆွဲကစားမှုများမှာ လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ခဲ့ကြပြီး မန်စီးတီးအသင်းခေါင်းဆောင် ဝေါ်လ်ကာက အာဆင်နယ်အသင်းအနေဖြင့် The Dark Arts (ပွဲအရှိန်ကို ရပ်တန့်ရန်နှင့် အချိန် ဆွဲရန်အတွက် Tactical Foul များ ကျူးလွန်ခြင်း)ကို အသုံးပြုခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။
ယခုအခါ Opta က ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်း (၂၀) ကိုလေ့လာဆန်းစစ်ခဲ့ရာ အာဆင်နယ်အသင်းက အချိန်အဆွဲဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။ Opta ၏စစ်တမ်းအရ အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစကန်ချိန်၊ လက်ပစ်ဘောမြှောက်ချိန်၊ ပယ်နယ်တီကန်ချိန်၊ အလွတ်တည်ကန်ဘောကန်ချိန်၊ ထောင့်ကန်ဘောကန်ချိန်နှင့် ဂိုးသမား ဘောလုံးတည်ကန်ချိန်များတွင် အချိန်အဖြုန်းဆုံးအသင်းအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် အဆိုပါအခြေအနေများအတွက် တစ်ခုလျှင် ပျမ်းမျှ (၃၁.၈)စက္ကန့် အထိ အချိန်ယူလေ့ရှိကြောင်း သိရသည်။
အာဆင်နယ်အသင်းနောက်တွင် တန်းတက် လက်စတာအသင်းက (၃၁.၇) စက္ကန့်ဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ယခုရာသီ ပရီးမီးယားလိဂ်တွင် Dead Ball များအတွက် အချိန်မဆွဲဆုံးအသင်းမှာ ဝက်စ်ဟမ်းဖြစ်ပြီး (၂၃.၄)စက္ကန့်သာ ကြာမြင့်ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီကလည်း လီဗာပူးလ်နှင့်(၂-၂) ပွဲတွင် အချိန်ဆွဲခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
