သီရိလင်္ကာ သမ္မတသစ် အန်နူရာ ကူမာရာ ဒစ်စနေယာကေးက ကြွေးမြီနစ်မွန်းနေသာ တိုင်းပြည်တွင် အထွေထွေရွေးကောက်ပွဲ အသစ်ကိုပြန်လည်ကျင်းပရေးအတွက် လမ်းခင်းပေးသောအားဖြင့် လွှတ်တော်ကို ဖျက်သိမ်းလိုက်သည်ဟု စက်တင်ဘာ ၂၄ ရက် နိုင်ငံတော်ပြန်တမ်းတွင် ၎င်းက ပြောဆိုခဲ့သည်။
လွှတ်တော် ရွေးကောက်ပွဲများကို နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၂၁ ရက်တွင် လွှတ်တော်အစည်းအဝေး ကို ခေါ်ယူမည်ဖြစ်ကြောင်းလည်း ပြန်တမ်းတွင် ဖော်ပြခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် သြဂုတ်လက အထွေထွေရွေးကောက်ပွဲများကို နောက်ဆုံးကျင်းပထားခဲ့သည်။ငါးနှစ်သက်တမ်းအတွက် လွှတ်တော်အမတ်များကို ရွေးချယ်သွားရမည်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံသားများသည် သီတင်းပတ်ကုန်ပိုင်းက ပြုလုပ်ခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် ဒစ်စနေယာကေးကို ရွေးချယ်ခဲ့ကြပြီး ဘဏ္ဍာရေးအကျပ်အတည်းမှ ဖြည်းဖြည်းချင်း ရုန်းထွက်နေသည့် ကျွန်းနိုင်ငံ၏ အနာဂတ် ပြုပြင်ပြောင်းလဲမှုများကို ဆုံးဖြတ်ရာတွင် မာ့စ်ဝါဒယိမ်း နိုင်ငံရေးသမားကို အဓိကအခန်းကဏ္ဍမှ ပါဝင်စေခဲ့သည်။
သို့ရာတွင် သူ၏ ညွှန့်ပေါင်းအဖွဲ့ဖြစ်သော အမျိုးသားပြည်သူ့ပါတီသည် အမတ်နေရာ ၂၂၅ နေရာရှိ လက်ရှိလွှတ်တော်တွင် သုံးနေရာသာ ရှိထားသဖြင့် သူ၏ မူဝါဒများအတွက် လုပ်ပိုင်ခွင့်အသစ်ရရှိနိုင်ရေးအလို့ငှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ ဖြစ်လာခဲ့သည်။
စက်တင်ဘာ ၂၁ ရက် သမ္မတ ရွေးကောက်ပွဲသည် လောင်စာဆီ၊ ဆေးဝါးနှင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ အပါအဝင် မရှိမဖြစ်လိုအပ်သော သွင်းကုန်များအတွက် ပေးချေနိုင်ခြင်းမရှိလောက်အောင် နိုင်ငံခြားငွေ အကြီးအကျယ် ပြတ်တောက်မှုဖြစ်ခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် စီးပွားရေးရပ်တန့်သွားခဲ့ပြီးနောက် သီရိလင်္ကာနိုင်ငံ၌ ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။ဤ အခြေအနေများကို မကျေနပ်၍ ဆန္ဒပြကြသဖြင့် ယခင်သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းတွင် ရာထူးက နုတ်ထွက်ခဲ့ရသည်။
စီးပွားရေးအကျပ်အတည်းနောက်ပိုင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ဒေါ်လာ ၂ ဒဿမ ၉ ဘီလျံ ရန်ပုံငွေ အစီအစဉ်နှင့် ဆက်စပ်သော ခြိုးခြံချွေတာရေး အစီအမံအရ ကျင်လည်နေရသူများအတွက် အပြောင်းအလဲ ဆောင်ကျဉ်းပေးမည်ဟု ဒစ်စနေယာကေးက ကတိပြုခဲ့ကာ လက်ရှိ လူမှုဖူလုံရေးအစီအစဉ်များကို တိုးချဲ့သွားမည်ဟုလည်း အခိုင်အမာဆိုခဲ့သည်။
Ref: အေးရှားဝမ်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
