Top News

မြန်မာ U-20 အသင်းခေါင်းဆောင် အနီကဒ်ပြ ထုတ်ပယ်ခံရ မြန်မာအသင်း ဂိုးပြတ်ဖြင့် ရှုံးနိမ့်
24htopnews | September 26, 2024 2:12 AM CST

ကာဂျစ်စတန်နိုင်ငံ၊ Bishkek မြို့၌ ကျင်းပသည့် အာရှ ယူ-၂၀ ခြေစစ်ပွဲစဉ်တွင် အိမ်ရှင် ကာဂျစ်စတန်အသင်းနှင့် မြန်မာအသင်းတို့ ယနေ့ စက်တင်ဘာ (၂၅)ရက် ည(၈)နာရီခွဲအချိန် ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ အဆိုပါ ပွဲစဉ်အတွင်း
မြန်မာ U-20 အသင်းခေါင်းဆောင် စွမ်းထက်မှာ အနီကဒ်ပြခံရ၍ ထုတ်ပယ်ခံခဲ့ရသည်။

ယနေ့ ပွဲစဉ်အတွင်း ကာဂျစ်စတန်အသင်း က မြန်မာအသင်းအား ပထမပိုင်းပွဲချိန်အတွင်းမှာပင် (၂)ဂိုးသွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် (၂)ဂိုး(၀)ဂိုးဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့ရသည်။

ယနေ့ ပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားအား မြန်မာဂိုးသမားက ဂိုးစည်းအပြင်ထွက်၍ ဟန့်တားရာမှ အနီကဒ်ပြထုတ်ပယ်ခံရသလို အသင်းခေါင်းဆောင် အနေဖြင့်လည်း ဒိုင်ကို လက်ခုပ်တီးလှောင်ပြောင်သည်ဟုဆိုကာ နှစ်ဝါ တစ်နီဖြင့် ထပ်မံထုတ်ပယ်ခံရကြောင်းသိရသည်။

ယမန်‌‌နေ့ စက်တင်ဘာ (၂၄ )ရက်ကကျင်းပခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း မြန်မာအသင်းခေါင်းဆောင်ဖြစ်သူက ပွဲစဥ်တိုင်းကို လေးလေးစားစားယှဥ်ပြိုင်သွားမည်ဟု ပြောကြားခဲ့သော်လည်း ပြိုင်ပွဲတွင် အနီကဒ်ပြကာထုတ်ပယ်ခံခဲ့ရသည်။

မြန်မာယူ-၂၀အသင်း‌အနေဖြင့် ခြေစစ်ပွဲဒုတိယပွဲစဥ်အား စက်တင်ဘာ (၂၇)ရက်နေ့၌ ဂျပန်အသင်းဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။


READ NEXT
Cancel OK