ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး(OCV)ကို အသက် (၁)နှစ်အထက် ကလေ-းများကို စတင်တိုက်ကျွေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့တိုက်ကျွေးခြင်း အစီအစဉ်ကို စက်တင်ဘာလ(၂၂) ရက်မှစတင်ကာ အောက်တိုဘာလ(၃)ရက်အထိ တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ အမြင့်ဆုံးဖြစ်ပွားခဲ့သည့် မြို့နယ် (၃၅)မြို့နယ်နှင့် ရောဂါဖြစ်ပွားနိုင်ချေများသည့် နေရာများ၌ တိုက်ကျွေးရန် စီစဉ်လျက်ရှိ ကြောင်းလည်း သိရသည်။
အဓိကအားဖြင့် ကျူးကျော်ရပ်ကွက်များ၊ လူနေထူထပ်ကာ ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းသော နေရာများ၊ ရွှေ့ပြောင်းလူအုပ်စုများ နေထိုင်သည့် နေရာများ၊ ဘုန်တော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်ကျောင်းများ၊ အခြားဘာသာရေး ကျောင်းများ၊ ပရဟိတဂေဟာနှင့် ကျောင်းများ၊ မိဘမဲ့ဂေဟာနှင့် ကျောင်းများမှာ ကာကွယ်ဆေးတစ်ကြိမ်စီ တိုက်ကျွေးသွားမည် ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် စက်ရုံ၊ အလုပ်ရုံများ၊ စာသင်ကျောင်းများ၊ ဝန်ထမ်းအိမ်ယာများ အပါအဝင် အကျဉ်းထောင်၊အချုပ်ထောင်များတွင်လည်း ကာကွယ်ဆေးတစ်ကြိမ်စီ တိုက်ကျွေးသွား မည်ဟု သိရသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် စက်တင်ဘာ (၁၇) ရက်နှင့် (၁၉)ရက်တွင် လေယာဉ်အမှတ် WW211 ဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလှူသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး ၂ သန်းကျော် (doses) ရောက်ရှိခဲ့သေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
