မော်စကို၊စက်တင်ဘာ ၂၅
အီရန်သမ္မတ မာဆူပါဇက်ရှကန်သည် လာမည့်လ၌ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ လာရောက်မည်ဖြစ်ကာ အဆိုပါခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အီရန်အစိုးရ၏ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကပြောကြားခဲ့သည်။
အောက်တိုဘာ ၂၂ မှ ၂၄ အထိ တာတာစတန်၌ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ လာရောက်ပါဝင်ဆွေးနွေးမည့် အီရန်သမ္မတ၏ ရုရှားခရီးစဉ်သည် အီရန်သမ္မတအဖြစ်တာဝန်ယူဆောင်ရွက်ပြီးကတည်းက ရုရှားသို့ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။
“သမ္မတက ရုရှားကိုသွားပြီး BRICS ထိပ်သီးအစည်းအဝေးကို ပါဝင်ဆွေးနွေးသွားမှာပါ၊အဲ့ဒါပြီးရင်တော့ ရုရှားသမ္မတနဲ့ နှစ်နိုင်ငံချင်းတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူက မီဒီယာများကို ပြောကြားခဲ့သည်။
အနောက်အုပ်စုများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများခံထားရသည့် ရုရှားနှင့်အီရန်နှစ်နိုင်ငံလုံးသည် ပိတ်ဆို့ခံထားရသည့်အတွက်လည်း နှစ်နိုင်ငံအကြားဆက်ဆံရေးပိုမိုတိုးတက်စေရန် တွန်းအားဖြစ်လာစေခဲ့ပြီး စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများပါတိုးတက်လာခဲ့သည်။
အနောက်အုပ်စုက အီရန်သည် ယူကရိန်းစစ်၌အသုံးပြုရန်အတွက် ရုရှားကို ဒုံးကျည်များထောက်ပံ့နေသည်ဟူသောစွပ်စွဲချက်ဖြင့် အီရန်၏လေကြောင်းကဏ္ဍကို အဓိကထားပိတ်ဆို့အရေးယူခဲ့ပြီး ေတရန်ကမူ အဆိုပါအချက်ကိုငြင်းဆိုကာ ပိတ်ဆို့ဒဏ်ခတ်မှုများသည် မအောင်မြင်သောလက်နက်များသာဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်။
Source : သည်မော်စကိုတိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
