တရုတ်စစ်တပ်သည် ပုံစံတူ ထိပ်ဖူးတပ်ဆင်ထားသော တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ပစိဖိတ်သမုဒ္ဒရာရှိ သတ်မှတ်ဧရိယာသို့ စက်တင်ဘာ ၂၅ တွင် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။
ပစိဖိတ်သမုဒ္ဒရာရေပြင်သိူ့ ရှားရှားပါးပါး ပစ်ခတ်မှုလုပ်ခဲ့သည့် ICBM ပစ်လွှတ်မှုသည် နှစ်စဉ်စစ်ရေးလေ့ကျင့်မှု၏ ပုံမှန်အပိုင်းကဏ္ဍတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတကာ ဥပဒေ၊ ကျင့်ထုံးများနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သကဲ့သို့ မည်သည့်နိုင်ငံ သို့မဟုတ် ပစ်မှတ်ကိုမျှ ဦးတည်ခဲ့ခြင်းမရှိကြောင်းလည်း ဆိုခဲ့သည်။ ပစ်လွှတ်ခဲ့သည့် ICBM အမျိုးအစား အပါအဝင် အခြား အသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် သိရှိရခြင်း မရှိသေးပေ။
မကြာသေးမီက တရုတ်စစ်တပ်၏ ပြင်းထန်သော ဒုံးပစ်ခတ်မှုနှင့် အခြား စစ်ရေးလေ့ကျင့်မှုဆိုင်ရာ လှုပ်ရှားမှုများကို တွေ့ရှိခဲ့သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ထိုင်ဝမ်ဝန်းကျင်တွင် တာဝေးပစ်မစ်ရှင်များ လုပ်ဆောင်နေသည့် တရုတ် စစ်လေယာဉ် ၂၃ စင်းကို တွေ့ရှိခဲ့သည်ဟုလည်း အလားတူ ထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
Ref: သည်ဂျပန်တိုင်းမ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
