ပေကျင်း၊စက်တင်ဘာ ၂၄
တရုတ်သိပ္ပံပညာရှင်များသည် ကမ္ဘာမြေပေါ်ရှိ အရွက်အားလုံးနီးပါးကို အသုံးပြုကာ လျှပ်စစ်စွမ်းအင်ရနိုင်သည့်နည်းလမ်းတစ်ခုကိုချပြခဲ့ပြီး အဆိုပါနည်းလမ်းသည် စဉ်ဆက်မပြတ်စွမ်းအင်အရင်းအမြစ်အဖြစ်သို့လည်း ပြောင်းလဲပေးနိုင်သည်။
၎င်းတို့က ကြာရွက်ကိုအသုံးပြုကာ နမူနာပြထားသည့် အဆိုပါသစ်ရွက်စွမ်းအင်သုံး ဂျင်နရေတာသည် အသေးစား အီလက်ထရွန်နစ်ပစ္စည်းများကို အားဖြည့်ပေးနိုင်ပြီး အပင်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားကွန်ရက်များကိုပါ ဖန်တီးအသုံးပြုနိုင်သည်ဟုလည်း သုတေသနအဖွဲ့ကပြောကြားခဲ့သည်။
ယခုလေ့လာဆန်းသစ်မှုမှ လျှပ်စစ်ဖော်ထုတ်နိုင်မှုကို ထုတ်ဖော်ပြသရုံသာမက သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ကင်းစေသည့် အစိမ်းရောင်စွမ်းအင်နည်းပညာများ တိုးတက်လာခြင်းအတွက် ဆန်းသစ်သော အမြင်ကိုလည်းပေးစွမ်းနိုင်သည် ဟု အဆိုပါသိပ္ပံပညာရှင်အဖွဲ့ကဆိုသည်။
ယခုနည်းစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်ယူခြင်းသည် မာကြောသောမျက်နှာပြင်နှင့် ရေ၏ရွေ့လျားမှုတို့အပေါ် မှီခိုနေရသည့်အရာဖြစ်သဖြင့် ရံဖန်ရံခါ ရေအားရရှိရန်လိုအပ်ကာ မြစ် သို့မဟုတ် ဆည်များကဲ့သို့သော နေရာများ၏အနီးတွင်ရှိရမည်ဟုလည်းဆိုသည်။
Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
