မြန်မာ့ဆန်ကို အဓိကဝယ်ယူနေ သည့် တရုတ်ဘက်မှ ဝယ်လိုအားကျဆင်းခြင်းနှင့် အီးယူက မြန်မာ့ဆန်အပေါ် အခွန်ပြန်လည် ကောက်ခံခြင်းတို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှု လျော့ကျမည်ဖြစ်ပြီး လာမည့် နွေစပါးပေါ်ချိန်၌ အခက်အခဲများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက် ရန်ကုန်မြို့ Park Royal Hotel တွင် ပြုလုပ်သည့် မြန်မာ့ဆန်စပါးကဏ္ဍ ပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲက သိရသည်။
“လက်ရှိ ဒီနှစ်ကတော့ မနှစ်ကလောက် မပို့နိုင်ဘူး။ ဒါကတော့ သေချာတယ်။ အဓိကတော့ ဝယ်လိုအားကျနေတာ ကမ္ဘာ့ဆန်စပါးစျေးကွက်မှာရော ဝယ်လိုအား ကျတဲ့အတွက်ဖြစ်တာ” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီးများကြောင့် တရုတ်ကုန်သည်များက မြန်မာ့ဆန်ကို ဝယ်ယူမှုလျော့ ကျနေပြီး ယခင်နှစ်များထက် ထက်ဝက်ခန့်အထိ တင်ပို့မှု လျော့ကျခဲ့ကြောင်း သိရသည်။
ထို့အပြင် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်လုံးရှည် အမျိုးအစား ၁၆ မီလီမီတာအထက် ဆန်များကို ဇန်နဝါရီ ၁၈ ရက်က စတင်ကာ သုံးနှစ်အထိ အခွန်ပြန်လည်ကောက်ခံသွားမည်ဖြစ်သဖြင့် အရည်အသွေးမြင့် စျေးကွက်တစ်ခုဖြစ်သည့် အီးယူသို့ ဆန်တင်ပို့မှာလည်း အထိုက်အလျောက် လျော့ကျလာမည်ဖြစ်သည်။
ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသော တရုတ်စျေးကွက်နှင့် အီးယူစျေးကွက်သို့ ဆန်တင်ပို့မှုသည် ယင်နှစ်များထက် လျော့ကျလာမည် ဖြစ်သဖြင့် ပြည်ပ ဆန်တင်ပို့မှုမှာလည်း လျော့ကျလာနိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆန်တင်ပို့ရာတွင် ပြည်ပ စျေးကွက်များ လျော့ကျလာခြင်းက လာမည့် နွေစပါးပေါ်ချိန်တွင် စျေးကွက်အခက်အခဲများဖြင့် ကြုံတွေလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူးဦးနေလင်းဇင်က ပြောကြားသည်။
“ဒီရဲ့အကျိုးဆက်က ဘယ်ကိုလာမလဲဆိုရင် လာမယ့်နွေစပါးပေါ်မယ့် ရာသီမှာ ရိုက်ခက်မှု ရှိလာမယ်။ အနည်းနဲ့အများတော့ ရှိမယ်၊ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် ထိခိုက်မယ့် အနေအထားရှိတယ်” ဟု ဦးနေ လင်းဇင်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေးကြောင်းမှ သင်္ဘောဖြင့် EU အဖွဲ့ဝင်နိုင်ငံများ အာဖရိကနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေခြင်းဖြစ်သည်။
ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင် ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့ နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာအကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ကျော် တင်ပို့မှုက ဒေါ်လာသန်း ၅၈၀ ခန့်ရရှိိထားသော်လည်း ယခင်နှစ် ကာလတူထက် တန်ချိန် ရှစ်သိန်းကျော်အထိ လျော့ကျသဖြင့် ဝင်ငွေဒေါ်လာ သန်း ၂၁၀ ကျော် အထိ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ် ဧပြီ တစ်ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန် ချိန် ၁ ဒသမ ၇၁၇ သန်းကျော် တင်ပို့မှုက အမေရိကန်ဒေါ်လာ ၅၇၈ ဒသမ ၈၀၇ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူတွင် တန်ချိန်၂ ဒသမ ၅၄၂ သန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၈၉ ဒသမ ၇၈၀ သန်း အထိ ရရှိထားသည်။
ထို့ကြောင့် ယခု ကိုးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တန်ချိန် ၈၂၄၅၁၃ ကျော် လျော့ကျခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ၉၇၅ သန်းအထိ လျော့ကျခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
