Fall Armyworm (FAW) ပိုး ပြန့်ပွားမှုရှိလာသည့် ဧရာဝတီတိုင်းဒေသကြီးရှိ ပြောင်းစိုက်ခင်းများ၌ နိုင်ငံခြားပညာရှင်များ၏ အကူအညီရယူ၍ Drpme ဖြင့် ဆေးဖျန်းမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ၊ ကုမ္ပဏီများမှ ဝန်ထမ်းများနှင့် တရုတ်ပညာရှင်များ၊ ထိုင်းနိုင်ငံမှ ပညာရှင်များ ကွင်းဆင်းကာ ပြောင်းစိုက်ခင်းများအတွင်း ပိုးမွှားဆက်လက် ပြန့်ပွားမှုမရှိစေရေး အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဧရာဝတီတိုင်းမှာ Outbreak ဖြစ်နေ တဲ့ဧရိယာကတော့ ဇလွန်၊ နံပါတ်(၁)အနေနဲ့ ဟင်္သာတခရိုင်၊ ဇလွန်မှာ Outbreak ဖြစ်နေပါတယ်။ အခုလက်ရှိ ဟင်္သာတမှာလည်း တကယ် Outbreak ဖြစ်နေပါတယ်။ ဒါကို အချိန်မီ ထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံခြားပညာရှင်တွေပါခေါ်ပြီး အကူအညီရယူနေပါတယ်။ ပြည်ပအနေနဲ့ကတော့ ယိုးဒယားပညာရှင်တွေ ခေါ်ပါတယ်။ တရုတ်ပညာရှင်တွေကိုလည်း ခေါ်ထားပါတယ်။ တရုတ်ပညာရှင်တွေ၊ ယိုးဒယားပညာရှင်တွေ ပေါင်းပြီး ဒါကို Drone နဲ့အခု ဟင်္သာတ၊ ဇလွန်ဒီ Outbreak ဖြစ်နေတဲ့နေရာတွေမှာ ဖျန်းဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ သြဘာကုမ္ပဏီတို့လို၊ ၀ိစာရကုမ္ပဏီတို့လို အဲလိုပညာရှင်တွေကိုလည်း ခေါ်ပြီးတော့ ကျွန်တော်တို့ ဝန်ထမ်းအင်အား နည်းတဲ့အတွက် ပြောင်းဒေသတွေမှာ အထူးဂရုပြုပြီး ဆင်းကြဖို့ ကုမ္ပဏီတွေကိုလည်း ခွင့်တောင်းထားပါတယ်။ အဲဒါကြောင့် ကုမ္ပဏီဝန်ထမ်းတွေလည်း ဆင်းတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း ဆင်းပြီး ပညာပေးဆောင်ရွက်နေတယ်။ ဒီဟာကို ထိန်းချုပ်နိုင်ဖို့၊ မပြန့်ပွားဖို့အတွက်ကို လက်ရှိအခြေအနေမှာ အခြားခရိုင်က ဝန်ထမ်းတွေလည်းခေါ်ပြီး ထိန်းချုပ်နေတဲ့ အနေအထားမျိုးရှိပါတယ်။ ဓာတု Control နဲ့ပဲ လက်ရှိဆောင်ရွက်နေပါတယ်။ ဓာတု Control နဲ့နိုင်သွားပြီ ဆိုရင်တော့ အခင်းကို အမြဲတမ်း ကင်းထောက်မယ်။ တွေ့တဲ့အပင်ကို ဆေးဖျန်းတဲ့ အလေ့အထမျိုးနဲ့ စလုပ်နေပါတယ်။ တကယ်မြင့်နေတဲ့ လူမဝင်နိုင်တဲ့ ဆေးဖျန်းဖို့မဝင်နိုင်တဲ့ အခင်းတွေကိုတော့ Drone အကူအညီနဲ့ ဖျန်းနေတဲ့ အနေအထားမျိုး လိုက်လံထိန်းချုပ်နေပါတယ်” ဟု ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းဝင်းက ပြောကြားသည်။
ပြောင်းစိုက်ခင်းများ၌ အလေးထားဆေးဖျန်းမှုမရှိပါက Faw ပိုး ဆက်လက် ပြန့်ပွားလာနိုင်သဖြင့် အသိပညာပေးမှုများကိုလည်း စိုက်ပျိုးရေးပညာရှင်များက အရှိန်မြှင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
“တခြားခရိုင်တွေမှာက ဖူးစားပြောင်း ဧရိယာများတဲ့အတွက် အဖူးခူးပြီးတာနဲ့ ဒီပိုးက ပပျောက်သွားနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ကျွန်တော်တို့ ခရိုင်ကတော့ အစေ့ထုတ်ပြောင်းကို စိုက်လာခဲ့တာ နှစ် ၂၀ လောက် ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ဒေသအနေနဲ့ အစေ့ထုတ်ပြောင်း ဧရိယာများတဲ့အတွက် တကယ် Outbreak ဖြစ်နေပါတယ်။ ငမြှောင်တောင်ပိုးသည် သူ့ရဲ့အဓိက စားသုံးသီးနှံသည် ပြောင်းဖြစ်ပါတယ်။ ပြောင်း ကုန်သွားရင် သီးနှံ ၈၀ လောက် စားသုံးနိုင်တဲ့ အလေ့အထမျိုးရှိတဲ့အတွက် ဒီကောင့်ကို ဖြိုဖျက်နိုင်ဖို့အတွက် မပြန့်ပွားအောင် အထူးဂရုပြုဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒီပိုးရဲ့အန္တရာယ်သည် ဘဝစက်ဝန်းသည် အင်မတန် လျင်မြန်တယ်။ ဘဝစက်ဝန်းတစ်ခုသည် ရက် ၄၀ လောက်မှာ တစ်သားပေါက်တယ်။ တစ်ခါပေါက်ရင် ဥ ၂၀၀ လောက်ပေါက်တယ်။ ဖလံအမတစ်ကောင်သည် သူ့ရဲ့ တစ်သက်တာမှာ ငါးခါ၊ ခြောက်ခါလောက်ထိ ဥဥနိုင်ပြီးတော့ ဥမြုံဟာ တစ်ထောင်ကနေ နှစ်ထောင်အထိ ပေါက်ဖွားနိုင်တာမို့ ဒီငမြှောင်တောင်ပိုးရဲ့ အန္တရာယ်က အင်မတန် ကြီးမားတယ်ဆိုတဲ့အကြောင်းကို လိုက်လံပြီးတော့ အသိပေးနေတယ်။ ပြန့်ပွားမှုနှုန်းအများဆုံးကတော့ ဇလွန်ဖြစ်ပါတယ်။ ဇလွန်မှာစိုက်ဧကအားလုံး ၂၄၀၀၀ ကျော်လောက်ရှိပါတယ်။ မြေနုကျွန်းတွေမှာ တစ်ကွင်းတစ်စပ်တည်း စိုက်တဲ့အတွက်ကြောင့် ဒီကောင့်ရဲ့ ပေါက်ဖွားမှုနှုန်း အရမ်းများတဲ့အတွက် ဇလွန်မှာ စတင်ထိန်းချုပ်ပြီးတော့ ထိုင်းကပညာရှင်တွေ၊ တရုတ်ပညာရှင်တွေခေါ်ပြီးတော့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ချုပ်ကြီးရဲ့အစီအစဉ်နဲ့ Drone တွေနဲ့ ဖျန်းနေတဲ့ ကာကွယ်နေတဲ့အဆင့်ကို ရောက်ရှိနေပါတယ်” ဟု ဟင်္သာတခရိုင်စိုက်ပျိုးရေး ဦးစီးမှူးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
