အလုပ်ရှင်အလုပ်သမား ပြဿနာကြီးထွားလာခြင်းတွင် တရားမဝင် အလုပ်သမားရေးရာ ကူညီဆောင်ရွက်နေသူများ ပါဝင်ပက်သက်နေကြောင်း အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၏ ပြောကြားချက်ကို ကန့်ကွက်ကြောင်း လွတ်လပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီမှ ဇန်နဝါရီ ၁၈ ရက်က ရန်ကုန် မြို့တွင် သတင်းစာရှင်းလင်းခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် အလုပ်သမားရေးရာ ကူညီဆောင်ရွက်နေကြသူများမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၏ ပြောကြားချက်ကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် အလုပ်ရှင်အလုပ်သမား ပြဿနာကြီးထွားလာရခြင်းမှာ အလုပ်သမား ဝန်ကြီးဌာနနှင့် ဥပဒေအားနည်းမှုတို့ကြောင့် ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ရှင်းလင်းခဲ့သည်။
“ဒီကနေ့ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာက ဇန်နဝါရီ ၁၀ ရက်က အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်ရှင် အလုပ်သမား ပြဿနာကြီးထွားလာရတာက တရားမဝင် အလုပ်သမားရေးရာ ဆောင်ရွက်နေသူတွေကြောင့်လို့ ပြောကြားချက်ကြောင့်ဖြစ်တယ်။ အလုပ်သမားတွေကို ကျွန်တော်တို့ကပဲ မြှောက်ပေးသလိုဖြစ်နေတဲ့အတွက် ဒါကို ကျွန်တော်တို့ရှင်းရတာဖြစ်ပါ တယ်။ ကျွန်တော်တို့ CSO အဖွဲ့အစည်း တွေသည် မှတ်ပုံတင်လည်းရတယ်။ မတင်လည်း ရတယ်။ မှတ်ပုံမတင်လို့ ဥပဒေနဲ့မညီတာမဟုတ်ပါဘူး။ တရားမဝင်တာ မဟုတ်ပါဘူး။ တရားဝင်ပါတယ်။ ဥပဒေကိုက ခွင့်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ရင်ဆိုင်နေရတာသည် တရားဥပဒေ မစိုးမိုးလို့ဖြစ်တဲ့ ပြဿနာဖြစ်ပါတယ်။ အလုပ်သမားတွေ တောင်းဆိုတာက ဥပဒေပါအခွင့်အရေးကို တောင်းဆိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာကလည်း ဥပဒေအတိုင်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဝန်ကြီးဌာနသည် ဥပဒေတိုင်းမဟုတ်ဘဲနဲ့ ထစ်ကနဲရှိရင် ကျွန်တော်တို့လို အလုပ်သမားအရေးလှုပ်ရှားသူတွေ အဖွဲ့အစည်းတွေကို ပုံချတာကတော့ တရားမျှတမှုမရှိပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြားသည်။
ထို့ပြင် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၏ ပြောကြားချက်မှာ ဥပဒေကို သေချာမသိရှိ နားမလည်ပြောကြားခြင်းဖြစ်ပြီး အမှန်တကယ် ဥပဒေချိုးဖောက်သူမှာ အလုပ်သမားဝန်ကြီးဌာနသာဖြစ်ကြောင်း အလုပ်သမား အခွင့်အရေးလှုပ်ရှားသူများက တုံ့ပြန်ပြောကြားသည်။
“တရားမဝင် အလုပ်သမားရေးရာ ဆောင်ရွက်တဲ့အဖွဲ့လို့ ပြောတဲ့ကိစ္စကို ကျွန်တော်ဖြင့် သေချာကိုနားမလည်ဘူး။ အမြဲတမ်းအတွင်းဝန်တစ်ယောက်အနေနဲ့ ဥပဒေအကြောင်းအရာတွေကို တကယ်ရော နားလည်ရဲ့လားက ပြဿနာတစ်ခုပေါ့။ မြန်မာနိုင်ငံမှာ ဥပဒေအရ တရားမဝင်အဖွဲ့အစည်း ဥပဒေဆိုလို့ ၁၇ (၁) ပဲရှိတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအသင်းအဖွဲ့ ဥပဒေအရ မှတ်ပုံတင်လည်းရတယ်။ မတင်လည်း ရတယ်။ နည်းဥပဒေရှိရဲ့သားနဲ့ အမြဲတမ်းအတွင်းဝန်တစ်ယောက်အနေနဲ့ တရားမဝင်ဘူးလို့ပြောတာက သူကိုယ်တိုင်က ဥပဒေကိုနားမလည်တာ၊ ဥပဒေကို ချိုးဖောက်တာပဲဖြစ်တယ်” ဟု We Generation အဖွဲ့မှ ကိုနန္ဒစစ်အောင်က ဆိုသည်။
“အလုပ်ရှင်အလုပ်သမား ပြဿနာဖြစ်ပွားရတာက အလုပ်သမားဥပဒေကို အလွဲလွဲအချော်ချော် ကျင့်သုံးလာတဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်တယ်။ ဥပဒေကို နည်းဥပဒေကကျော်တယ်။ နည်းဥပဒေကို လုပ်ထုံးလုပ်နည်းက ကျော်တယ်။ အဲဒီလိုဖြစ်နေတယ်” ဟု အလုပ်သမားရေးရာ လှုပ်ရှားသူတစ်ဦးက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
