မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) သို့ ဗြိတိန်သံအမတ်ကြီး Dan Chugg နှင့်အဖွဲ့သည် ဇန်နဝါရီ ၁၈ ရက် နံနက်က လာရောက်တွေ့ဆုံခဲ့ပြီး ဗိုလ်တထောင်မြို့နယ်ရှိ သတင်းမီဒီယာကောင်စီရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း MPC ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Dan Chugg သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် ကောင်စီဝင်များတွေ့ဆုံစဉ် ဗြိတိန်နိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ၊ ဒီမိုကရေစီ နိုင်ငံများတွင် သတင်းလွတ်လပ်ခွင့်ရှိရမည့် အခြေအနေ၊ သတင်းမီဒီယာနှင့် အစိုးရတို့ ဆက်ဆံရေးအခြေအနေများ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာအ ခြေအနေ၊ ရိုက်တာ သတင်းသမားများ အခြေအနေ၊ ပြည်ပသတင်းမီဒီယာများ၊ ဗီဇာအခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းမီဒီယာကောင်စီကလည်း လက်ရှိကောင်စီက ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ၊ သတင်းရယူပိုင်ခွင့် အခြေအနေ၊ သတင်းသမားများနှင့် မဏ္ဍိုင်သုံးရပ် ဆက်ဆံရေးအခြေအနေ၊ တိုင်းရင်းသားမီဒီယာအခြေအနေများ၊ သတင်းမီဒီယာဥပဒေ၊ သတင်းသိပိုင်ခွင့်ဥပဒေ (RTI Law) အခြေအနေနှင့် ရိုက်တာသတင်းသမားများ အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ဗြိတိန်သတင်းမီဒီယာကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေး၊ မြန်မာသတင်းမီဒီယာ သမားများအတွက် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ပေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဥက္ကဋ္ဌ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာမျိုးသန့်တင်နှင့်အတူ ကောင်စီဝင်များ တက်ရောက်ခဲ့ကြပြီး ဗြိတိန်သံအမတ်ကြီး Dan Chugg နှင့်အတူ Jane Huxley-Khng (သံရုံးနိုင်ငံရေးရာ ပထမအတွင်းဝန်)၊ ဒေါ်နွယ်နွယ်အေး ( (Public Diplomacy Manager) တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
