Top News

ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာမြစ်ကြောင်းတစ်လျှောက်တွင် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ယခင်ထက်ပိုမိုဆောင်ရွက်ခဲ့ပြီး တရားမဝင်ငါးဖမ်းဆီးသူ ၁၈ ဦးအား တရားစွဲဆိုနိုင်ခဲ့ဟု သိရ
24htopnews | September 26, 2024 4:12 AM CST

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်အနက် လင်းပိုင်များနေထိုင်ကျက်စားသော မန္တလေးမှ ဗန်းမော်အကြား မြစ်အစိတ်အပိုင်း ဧရိယာတွင် လင်းပိုင်ထိန်းသိမ်းရေးနယ်မြေအဖြစ် နယ်မြေ နှစ်ခု သတ်မှတ်ကာ ထိန်းသိမ်း ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်း လင်းပိုင်ထိန်းသိမ်းရေးဧရိယာများတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ယခင်ထက် အလေးထားဆောင်ရွက်ခဲ့ကြောင်း လင်းပိုင် ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများကို သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)  နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကာ ထိန်းသိမ်းရေးဧရိယာအတွင်း လစဉ် အသိပညာပေးခြင်း၊ စစ်တမ်း ကောက်လေ့လာခြင်းများကိုဆောင်ရွက်နေပြီး ယခုနောက်ပိုင်းတွင် မြစ်ကြောင်းရဲတပ်ဖွဲ့၊ ဒေသတာဝန်ရှိသူများနှင့်ပါ ပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးအဖြစ် ရှော့တိုက် ငါးဖမ်းမှုများနှင့် တရားမဝင်ငါးဖမ်းမှုများကိုပါ အရေးယူဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း တရားမဝင် ငါးဖမ်းစက်လှေ အစင်း ၅၀ နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းခဲ့ပြီး တရားမဝင် ငါးဖမ်းဆီးသူ ၁၈ ဦးကိုလည်း တရားစွဲဆိုနိုင်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဧရာဝတီမြစ် မန္တလေးမှ ဗန်းမော်ကြား ဧရိယာတစ်လျှောက်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ကင်းလှည့်လုပ်ငန်းများကိုလည်း စုစုပေါင်း ၃၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပညာပေးလုပ်ငန်းများအနေဖြင့် မန္တလေးနှင့် ကျောက်မြောင်းကြားရှိ ကျေးရွာပေါင်း ၂၄ ရွာ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာပြင်ပ မလယ်နှင့် ဗန်းမော်ကြား ကျေးရွာပေါင်း ၆၁ရွာ စုစုပေါင်း ကျေးရွာ ၈၀ ကျော်ရှိ ကျောင်းသား၊ ကျောင်းသူများ အပါဝင် ဒေသခံများ၊ ရေလုပ်သားများကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး၊ ငါးသယံဇာတ ထိိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိိုးရေးလုပ်ငန်းများနှင့် ပတ်သက်ကာ ပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း မန္တလေးနှင့် ဗန်းမော်အကြား ဧရာဝတီလင်းပိုင်သုတေသနနှင့် စာရင်ကောက်ယူမှုများအရ ဧရာဝတီလင်းပိုင် ၇၆ ကောင်နေထိုင် ကျက်စားလျက်ရှိပြီး လက်ရှိတွင် ထိန်းသိမ်းရေး ဧရိယာအဖြစ် မင်းကွန်းမှ ကျောက်မြောင်းကြား ဧရိယာနှင့် ထပ်မံတိုးချဲ့သည့် ထီးချိုင့်မှ ရွှေကူမြို့အကြား ဧရိယာနှစ်ခု သတ်မှတ်ဆောင်ရွက်လျက် ရှိသည်။

သတ်မှတ်ထားသည့် ထိန်းသိမ်းရေး ဧရိယာ နှစ်ခုတွင် လင်းပိုင်များ နေထိုင်ကျက်စားမှုအား ထိခိုက်စေနိုင်သည့် ရေလမ်းကြောင်း ပိတ်ဆို့တန်းပိုက်ချခြင်း၊ မြစ်ကြောင်းအတွင်း ကမ်းတစ်ဖက်မှ တစ်ဖက်ကို ပိတ်ထားသည့် တန်းပိုက်များ၊ အလျား ၃၀၀ ထက်ပိုသည့် မျောပိုက်ဖြင့် ငါးဖမ်းခြင်း၊ ဘက်ထရီ၊ ကျင်စက်၊ မီးစက်ဖြင့် ငါးဖမ်းခြင်း၊ အဆိပ်ချ၊ မိုင်းခွဲ ငါးဖမ်းခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ အခါအားလျော်စွာ တားမြစ်သည့် ငါးဖမ်းကိရိယာ၊ ငါးဖမ်း နည်းစနစ်များဖြင့် ငါးမဖမ်းရန်တားမြစ်ထားပြီး တားမြစ်ချက်များအား လိုက်နာမှုမရှိပါက တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK