ပထမအကြိမ်အဖြစ် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို မြို့လေးခုတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။
ယခုနှစ်တပို့တွဲလပြည့်နေ့အား မြန်မာသနပ်ခါးနေ့ အဖြစ် သတ်မှတ်၍ အရာတော်၊ ရွှေဘို၊ ရေစကြို ၊ မြိုင်မြို့များတွင် ပထမအကြိမ်မြန်မာ့သနပ်ခါးနေ့အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
“မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်ကို အစဉ်ထိန်းသိမ်းနိုင်စေရန်၊မြန်မာတွေ သနပ်ခါးကို မြတ်နိုးတန်ဖိုးထားတတ်လာအောင်ရယ် သနပ်ခါးလိမ်းတတ်တဲ့ အလေ့အကျင့်လေးတွေ ရှိလာအောင် စတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ဒီပွဲကိုကျင်းပမှာပါ။ ဒီလ၁၄ ရက် နေ့က မုံရွာမြို့မှာရှိတဲ့ မြန်မာ့ သနပ်ခါးစိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးမှာကျင်းပတဲ့ အလုပ်အမှုဆောင်အစည်းအဝေးမှာဆုံးဖြတ်ချက်နဲ့ တပို့တွဲလပြည့်နေ့ ကို မြန်မာ့သနပ်ခါးနေ့ဆိုပြီး တရားဝင် သတ်မှတ်လိုက်တယ်။၊ ခုတပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့ဆိုပြီး အရာတော်၊ ရွှေဘို၊ရေစကြို ၊မြိုင်မြို့တို့မှာ မြန်မာ့သနပ်ခါးနေ့ကို ကျင်းပမယ်” ဟု မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။
ပထမအကြိမ် ကျင်းပမည့် မြန်မာ့ သနပ်ခါးနေ့ အခမ်းအနားတွင် ယင်းမြို့လေးမြို့တို့ ရှိ တန်ခိုးကြီးဘုရားများ၌ နံနက်ခင်းပိုင်းအချိန်တွင် သနပ်ခါးဖြင့် ဘုရားမီးပူဇော်ခြင်း၊ လာရောက်မည့်သူများကို စတုဒိသာ အကျွေး အမွေများခြင်းနှင့် သနပ်ခါးနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ၊ စတစ်ကာများ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း နှင့် ညပိုင်းတွင် စာပေဟော ပြောပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် သနပ်ခါးကို အရာတော်၊ ရွှေဘို၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်နှင့် မြိုင် စသည့် မြို့နယ်များတွင် အဓိကထား စိုက်ပျိုးကြကြောင်း၊ ယခုအခါတွင် ပြည်ပမှ သနပ်ခါး အလှကုန်များ ဝင်ရောက်လာသဖြင့် ပြည်တွင်း သနပ်ခါးစျေးကွက်အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
