ရခိုင်ပြည်နယ်တွင် မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိသားစုများ စိုးရိမ်မှုမြင့်တက်နေကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ပြောကြားချက်အရ သိရသည်။
ထိုသို့စိုးရိမ်မှုများ မြင့်တက်နေသဖြင့် ရသေ့တောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ ခန့်သည် ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။
“ကျွန်မတို့ဘက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ လောက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အခုအချိန်မှာ ပုဒ်မ ၁၇ (၁) ၊ ၁၇(၂) တွေနဲ့ ဖမ်းဆီးခံထားရတာတွေရှိတယ်။ ဘူးသီးတောင်ဘက်မှာ စည်တောင် အုပ်ချုပ်ရေးမှူးကလည်း ထွက်ပြေးနေရတယ်။ အခုအချိန်မှာ အုပ်ချုပ်ရေးမှူးတွေမှာ တာဝန်အရှိဆုံး ဖြစ်လာတယ်။ အုပ်ချုပ်ရေးမှူးတွေ ခံစားနေရတာကလည်း ဘယ်သူပဲလာလာ သူတို့မှာ ဧည့်ကြိုရတယ်။ ကျွန်မတို့ လာလည်းကူညီပေးရတယ်။ တပ်မတော်လာလည်း ကူညီပေးရတယ်။ နောက်တစ်ခါ အစိုးရအဖွဲ့လာရင်လည်း ကူညီပေးရတယ်။ ဘယ်အဖွဲ့ပဲလာလာ ကူညီပေးရမယ့်အနေအထား ရှိနေတော့ သူတို့အနေနဲ့ ဒါတွေကို ရှောင်လွှဲမရဖြစ်လာတယ်။ ဒါတွေကို ၁၇ (၁) နဲ့သာ စွဲမယ်ဆိုရင် သူတို့တွေအတွက် အခက်အခဲ ဖြစ်လာတယ်။ မိသားစုတွေကလည်း စိတ်ပူလာကြတယ်။ စိုးရိမ်လာကြတယ်။ ဒီလိုအခက်အခဲဖြစ်လာမယ်ဆိုရင် သူတို့လည်း လုပ်ချင်စိတ်မရှိဖြစ်လာတယ်ပေါ့။ ဒါကြောင့် သူတို့အနေနဲ့ ထွက်မယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို လာပြီးတော့ တင်ပြကြတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း သူ့ရဲ့အထက်ပိုင်းကို တင်ပြပေးမယ် လို့ပြောလိုက်တယ်” ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။
ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများမရှိပါက တရားဥပဒေစိုးမိုးရေးနှင့် ဖြစ်စဉ်အမှန်ကို သိရန်မလွယ်သဖြင့် အဆိုပါအချက်များကို ထည့်တွက်စဉ်းစားရန်လိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ပြောကြားသည်။
“အခုဆိုရင် အစိုးရလက်အောက်ကို အုပ်ချုပ်ရေးပိုင်းက ရောက်သွားတဲ့အခါကျတော့ ဒီကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ပတ်သက်လို့ ရေရှည်မှာ စဉ်းစားပေးဖို့လိုအပ်ပါတယ်။ လူတိုင်းကတော့ ကြောက်နေကြတယ်။ ရခိုင်ပြည်နယ်မှာက တိုက်ပွဲလည်း အရင်ဖြစ်ခဲ့တာမရှိဘူး။ အခုမှ တိုက်ပွဲဖြစ်လာတော့ လူတိုင်းက လက်နက်ကြီးပစ်သံတွေကြားတယ်။ ရွာတွေကို လက်နက်ကြီးကျလာမှာကို ကြောက်လို့ အနီးအနားရွာတွေက အားလုံးထွက်ပြေးနေကြရတယ်” ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။
လက်ရှိဖြစ်ပွားနေသည့် တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA ) ကြား တိုက်ပွဲများနှင့်ပတ်သက်ပြီး မတရားအသင်းဥပဒေဖြင့် ဖမ်းဆီးခံထားရသူများတွင် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ် ချုပ်ရေးမှူး မောင်သန်းလှိုင်နှင့် ရသေ့တောင်မြို့နယ် ရေကောင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှုူး ဦးမောင်ထွန်းလှိုင်တို့ ပါဝင်ပြီး ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်မှာလည်း ရာ ဇသတ်ကြီးပုဒ်မ ၅၀၅ (က) (ခ) ကို ကျူးလွန်ကြောင်း စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် လာရောက်ရမည်ဟု မြို့နယ်တရားရုံးက ဇန်နဝါရီ ၂ ရက်တွင် ဆင့်ခေါ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
