ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အထိ ကျခံနိုင်သည့် မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် တရားစွဲဆို ခံထားရသည့် ဒါရိုက်တာမိုက်တီး (ခ) သန်းထွန်းဇော်အား ထောင်ဆရာဝန်မှ တရားရုံးတွင် လာရောက်၍ ထောက်ခံချက် ပေးသောကြောင့် တာမွေမြို့နယ်တရားရုံးက အာမခံပေးခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဒါရိုက်တာမိုက်တီးကို အာမခံပေးလိုက်တာ ဟုတ်ပါတယ်။ ထောင်ဆရာဝန်က တရားရုံးမှာ လာထောက်ခံချက်ပေးလို့ အာမခံပေးလိုက်တာပါ။ သူက ကင်ဆာရောဂါ ဖြစ်နေတာပါ” ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
တာမွေမြို့နယ်တရားရုံးတွင် ဇန်နဝါရီ ၁၈ ရက်က ဒါရိုက်တာမိုက်တီး (ခ)သန်းထွန်းဇော်အား ရုံးထုတ်ခဲ့ပြီး မြို့နယ်တရားရုံးက အာမခံပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ထောင်ဆရာဝန်များအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ တရားရုံးသို့ သက်သေ လာရောက်ထွက်ဆိုခြင်း မပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
“ထောင်က ဆရာဝန်က တကယ်လို့သူလုပ်ရမဲ့အလုပ်က အဲဒီလို ဆေးထောက်ခံချက်ပေးလို့မရဘူး။ တရားလည်း မဝင်ဘူး။ ဒါက သူက ပြင်ပက ဆရာဝန်ကပဲ ဆေးထောက်ခံချက်ပေးလို့ရတယ်။ ကျွန်တော်တို့ဆီကတော့ ထောက်ခံချက် ပေးလို့မရပါဘူး။ တကယ်လို့ ပေးမယ်ဆိုရင်လည်း ခွင့်မပြုပါဘူး။ တရားရုံးမှာလည်း သက်သေထွက်ဆိုဖို့လည်း မရပါဘူး။ မိုက်တီးက ကျွန်တော်သိရသလောက် ကျန်းမရေးမကောင်းဘူး။ ရောဂါရှိတယ်လို့ သိရတယ် ” ဟု အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြောကြားသည်။
ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက် ည ၁၁ နာရီ ခန့်တွင် တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ တာမွေအဝိုင်းထိပ်ဘက်မှ ရွှေထွဋ်တင်ကွင်းဘက်သို့ ရန်ကင်းမြို့နယ် (၁၆) ရပ်ကွက်နေ သန်းထွန်းဇော် (၅၃ နှစ်) (ရုပ်ရှင်ဒါရိုက်တာ မိုက်တီး) မောင်းနှင်လာသည့် 9D/- - - - MAZDA DEMIO ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ထိုအချိန်တွင် ယာဉ်မောင်းထိုင်ခုံနှင့် ကျောမှီကြားရှိ မျက်မှန်ဘူးအတွင်းမှ WY စိတ်ကြွဆေးပြား၂၆ ပြား (အလေးချိန် ၂ ဒသမ ၆ ဂရမ်) လက်ကိုင်ဖုန်းနှစ်လုံး၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ ဝှီးတက်တစ်ခုနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
မူးယစ်ဥပဒေ ပုဒ်မ ၁၆ (ဂ) တွင် မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းခြင်းတို့ပြုလုပ်ပါက ထိုသူအား ထောင်ဒဏ် အနည်းဆုံး ငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ဖော်ပြထားသည်။ ၄င်းပုဒ်မများမှာ ပြင်းထန်လွန်းပြီး သာမန်လက်ဝယ်ရှိသူများအနေဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ခြင်းမှာ ပြင်းထန်လွန်းသည်ဟု ဝေဖန်များမှုများရှိသည်။
ယင်းသို့ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒါရိုက်တာမိုက်တီးအား အာမခံဖြင့် အမှု ရင်ဆိုင်ရန် ခွင့်ပြုပေးခဲ့ရာ အကျဉ်းထောင်များတွင်လည်း အလားတူ ကျန်းမာရေးချို့တဲ့စွာဖြင့်အမှုရင်ဆိုင်နေရ သူ အများအပြားရှိနေကြောင်း နှင့် ၄င်းနမူနာအရ အလားတူအမှုများတွင် အာမခံရရန် လမ်းပွင့်သွားပြီဖြစ်ကြောင်း သိရသည်။
ဥပဒေအရ သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရနိုင်သူများမှအပ ကျန်အမှုများတွင် တရားသူကြီး၏ ဆင်ခြင်တုံတရားဖြင့် အာမခံပေး၍ ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
