ကချင်နိုင်ငံတော် တည်ထောင်ရေးသည် ကချင်ပြည်နယ်နှင့် ပြည်ထောင်စုအတွက် လွန်စွာအန္တရာယ်ကြီးမားရာ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီ ညွတ်ရေးပါတီ (SNSP) က ဇန်နဝါရီ ၁၈ ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကချင်အမျိုးသားအစည်းအရုံး (KNO) က ကချင်လူမျိုးများ၏ အမျိုးသားညီလာခံကို ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်အတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ကြောင်း သဘောထားကြေညာချက်တွင် ပါရှိသည်။
အဆိုပါညီလာခံမှ ကချင်ပြည်ကို လွတ်လပ်သော ကချင်နိုင်ငံတော်တည်ထောင်ရန်၊ အချုပ်အခြာ အာဏာရှိသော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကချင်ပြည်နယ်သည် ကချင်လူမျိုးများ၊ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မူလဌာနေ တိုင်းရင်းသားများ၊ ရှမ်းမျိုးနွယ်စုများဖြစ်သော (တိုင်းလိုင်/ရှမ်းနီ၊ တိုင်းလေ၊ တိုင်းခန္တီ၊ တိုင်းဆာ၊ တိုင်းလုံ) များ နှင့် ၁၉၄၇ ခုနှစ် ပင်လုံသဘောတူစာချုပ်အရ ဖဆပလအစိုးရက ၁၉၄၈ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့သော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ စတင် ဖွဲ့စည်းချိန်ကတည်းက ကချင်တောင်တန်းဒေသအုပ်ချုပ်ရေး အပိုင်း (၁) တွင် မပါ ဝင်သော အပိုင်း (၂) ဧရိယာအတွင်းမှ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်နှင့် ကသာခရိုင်အတွင်းရှိ မြေပြန့်ရှမ်းလူမျိုး (တိုင်းလိုင်/ရှမ်းနီ) များနေထိုင်ရာ ဒေသအများအပြားကို ဒေသခံ ရှမ်းနီလူမျိုးများ၏ သဘောထား ဆန္ဒမပါဘဲ ဖဆပလအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်သာ ကချင်ပြည်နယ်အဖြစ် တည်ရှိစေခဲ့သည်မှာ သမိုင်းအထောက်အထား ခိုင်လုံစွာရှိနေ ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံဌာနေ တိုင်းရင်းသားများဖြစ်သော ရှမ်းမျိုးနွယ်စုများ နှင့် အခြားသော ကချင်မျိုးနွယ်စုများ၏ သဘောထား ဆန္ဒများမပါဝင်ဘဲ ကချင်အဖွဲ့အစည်းတစ်ခု၏ ကချင်နိုင်ငံတော် တည်ထောင် ရေးသည် ကချင်ပြည်နယ်ဒေသအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုအတွက်သော်လည်းကောင်း လွန်စွာအန္တရာယ်ကြီးမားသည့် သဘောထားဖြစ်သည်ဟု အလေးအနက်ယူဆကြောင်း ယခုထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဖြစ် ပေါ်လာစေရေးအတွက် အစိုးရနှင့် တိုင်းရင်းသားများအားလုံး ဝိုင်းဝန်းပြီးနည်းလမ်းရှာဆွေးနွေးနေကြသည့် ယနေ့အချိန်သမယတွင် အဆိုပါသဘောထားကြေညာချက်သည် ဖက်ဒရယ်ပြည်ထောင်စုမူနှင့် လုံးဝဆန့်ကျင်နေသည့်အပြင် မလိုလားအပ်သော တိုင်းရင်းသား လူမျိုးများအချင်းချင်း သွေးကွဲခြင်း၊ ပဋိပက္ခများဖြစ်ပေါ်စေခြင်း၊ မငြိမ်မသက်မှုများဖြစ် ပေါ်လာစေခြင်းစသည့်ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ကြောင်း၊ သို့ပါ၍ ကချင်နိုင်ငံတော်တည်ထောင်ရေး သဘောထားကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးပါရန်နှင့် အဆိုပါသဘောထားအား ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချပါကြောင်း ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီက သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြုလုပ်သည့် ကချင်လူထုညီ လာခံသို့ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂၂၀ တက်ရောက်ပြီး လွတ်လပ်သော ကချင်နိုင်ငံတော် တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါညီလာခံက ဇန်နဝါရီ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပါ ပြဋ္ဌာန်းချက်များ နှင့်သာမက တည်ဆဲဥပဒေများနှင့်လည်း ည ညွတ်ခြင်းမရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။
“သူတို့ရဲ့ထုတ်ပြန်ချက်သည် သူတို့အဖွဲ့အစည်းရဲ့သဘောထားလို့့ပဲ ခံယူပါတယ်။ အဲ ဒီအပေါ်မှာကတော့ ကျွန်တော်တို့ရဲ့ ကြေညာချက်မှာ ပါသလိုပဲ။ ကချင်ပြည်နယ်ဒေသအတွက်နဲ့ပေါ့နော်။ ကချင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးအားလုံးအတွက်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွက်ကတော့ ဒီကိစ္စက တော်တော်အန္တရာယ်များတဲ့ ကိစ္စလို့ပဲ ကျွန်တော်တို့ကတော့ ဒီလိုပဲ သဘောထားပါတယ်” ဟု ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး စောဝင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
