ပဲခူးမြစ်ရေမှာ ပဲခူးမြို့၏ စိုးရိမ်ရေမှတ် အထက် (၁) လက်မခန့် ကျော်လွန်ရောက်ရှိနေကာ နောက် (၂၄) နာရီအတွင်း (၄) လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ စက်တင်ဘာ (၂၆) ရက်၊ နံနက် (၇)နာရီခွဲအချိန် တိုင်းထွာချက်များအရ သိရသည်။
ယမန်နေ့ စက်တင်ဘာ (၂၅) ရက်၊ ညနေပိုင်းက စိုးရိမ်ရေမှတ်အောက် (၃)လက်မခန့် ရောက်ရှိနေရာမှ ယနေ့ စက်တင်ဘာ (၂၆)ရက်၊ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စစ်တောင်းမြစ်ရေမှာ တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် (၁) ပေခွဲခန့် ကျော်လွန်ရောက်ရှိနေရာမှ လာမည့် (၂၄) နာရီအတွင်း ပေဝက်ခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အတူ မဒေါက်မြို့တွင်လည်း စစ်တောင်းမြစ်ရေမှာ မြို့၏ စိုးရိမ်ရေမှတ်အထက် (၂) ပေခွဲကျော်လွန် ရောက်ရှိနေပြီး လာမည့် (၂၄) နာရီအတွင်း (၁) ပေခန့်ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြော င်း မိုး/ဇလက အသိပေးထုတ်ပြန်သည်။
ထို့ကြောင့် ပဲခူး၊ တောင်ငူ၊ မဒေါက်မြို့နယ်တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်လာပါက ရေဘေးလွတ်ရာနေရာများသို့ အချိန်မီ ရှောင်ရှားကြရန် မိုး/ဇလက သတိပေးနှိုးဆော်ထားသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
