သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းမှ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းကကျင်းပသည့် မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့သည်။
ထို့အပြင် မွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတိုင်းပြီးမြောက်အောင်မြင်ရန် ကော်မတီအဆင့်ဆင့်က ကြိုတင်စီမံ၍ အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
အလားတူသန်းခေါင်စာရင်းမှရရှိသော အခြေခံကိန်းဂဏန်းများအရ လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းများအောင်မြင်စွာဆောင်ရွက်နိုင်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးကို အထောက်အကူဖြစ်မည်ဟုလည်း ပြောသည်။
ထို့ကြောင့် သန်းခေါင်စာရင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရခြင်းဖြစ်၍ လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်သဖြင့် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်ရသူအားလုံးသည် လုပ်ငန်းများဆောင်ရွက်ရာ၌ အလေးအနက်ထားဆောင်ရွက်ကြရမည်ဟု မှာကြားခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
