မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု)မြို့နယ် ထောက်ရှာပင်ဆိပ်ကမ်း ဧရာဝတီမြစ်ကမ်းနား တစ်လျှောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ဧရာဝတီမြစ်ကမ်းနား တလျှောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းအဖြစ် ပလတ်စတစ်နှင့် အခြားအမှိုက်များ စွန့်ပစ်ခြင်း ကင်းဝေးစေရေး၊ အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က စက်တင်ဘာ (၂၅) ရက်၊ နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်ချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ (၂၅)ရက် နံနက်ပိုင်း၌ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က “ပင်လယ်သမုဒ္ဒရာနှင့် မြစ်များအတွင်း ပလတ်စတစ်နှင့် အခြားအမှိုက်များ မစွန့်ပစ်ခြင်းဖြင့် အဏ္ဏဝါ အမှိုက်သရိုက်ညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြပါစို့” ဆောင်ပုဒ်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မင်းဘူးမြို့နယ် ထောက်ရှာပင် ဆိပ်ကမ်းရှိ ရေယာဉ်များပေါ်တွင် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်း၊ ဧရာတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး စုပေါင်းအမှိုက်ကောက်ခြင်း၊ ဆိပ်ကမ်းအနီးရှိ စားသောက်ဆိုင်များတွင် အသိပညာပေး ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လူစည်ကားရာနေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး အမှိုက်ပုံးထားရှိပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပင်လယ်သမုဒ္ဒရာနှင့် မြစ်ချောင်းများအတွင်း ပလတ်စတစ်နှင့် အခြားအမှိုက်များ စွန့်ပစ်ခြင်း ကင်းဝေးစေရန်နှင့် အဏ္ဏဝါအမှိုက်သရိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး ဌာနဆိုင်ရာများ စုပေါင်း အမှိုက်ကောက်ခြင်းနှင့် လူထုအသိ ပညာပေးခြင်း လုပ်ငန်းများကို လစဉ်လတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
