ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ယခုလအတွင်းဖြစ်ပွားခဲ့သည် ရေဘေးကြောင့် အိုးမဲအိမ်မဲ့ ဖြစ်သွားခဲ့သော ရေဘေးသင့် ကျူးကျော်မိသားစု(၁၈)စု အတွက် အိမ်ပိုင်ရရှိရေး လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
အဆိုပါ ကျူးကျော် မိသားစု(၁၈)စု အတွက် အောင်ပန်းမြို့နယ် ၊ လွယ်မခမ်းကျေးရွာရှိ မြေ (၂)ဧကပေါ်တွင် မြေတန်ဖိုးမပါ နေအိမ်တစ်လုံးတန်ဖိုး ကျပ်သိန်း(၃၀)နှင့် ကျပ်သိန်း (၅၀)အကြား ကုန်ကျခံ ဆောက်လုပ်ပေးသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ မြေကို သိန်း(၇၀၀)နဲ့ဝယ်ပြီးပါပြီ။ လွယ်မခမ်း ကျေးရွာ ပင်းတယအထွက်ဘက်လမ်းမပေါ်မှာပါဘဲ။ သူတို့အတွက် ဆောက်ပေးတဲ့အိမ်မှာ ရေရော မီးရော ပါမှာပါ။ အခုတော့ရေ ရနေပြီ။ ကျန်တာတွေတော့တဆင့်ချင်းသွားမှာပါ။ သူတို့ကို တစ်အိမ်ထောင်စု သုံးသိန်း လေးသိန်း ငါးသိန်းပေးလိုက်လည်း သုံးတဲ့အထဲပါသွားမှာလေ။ ဘာမှထူးခြားမလာဘူးလေ။ တကယ် ဒုက္ခရောက်နေတော့ သူတို့ နေရာကို မြေပြင်ဆင်းကြည့်တော့ သူတို့နေရာက ပြန်ဆောက်လို့မရတော့ဘူး။ ရေဘေးကြောင့် ကွယ်လွန်သွားတဲ့သူတွေရှိရင်လည်း သူတို့ကို အိမ်ပိုင်မြေပိုင်လေး ဖြစ်စေချင်တာပါ။”ဟု ရှင်းပြသည်။
ထို နေထိုင်ခွင့်ရရှိမည့် ကျူးကျော်မိသားစု(၁၈)စုကို ရောင်းစားခြင်းမျိုးမပြုလုပ်ဘဲ အမှန်တကယ်နေထိုင်ပြီး(၃)နစ်ပြည့်ပါက ပိုင်ဆိုင်မှုများကို ၎င်းမိသားစုများထံအသီးသီးလွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဝယ်ထားသော မြေ (၂)ဧကပေါ်၌ လူသားချင်းစာနာသောအားဖြင့် အိမ်ဆောက်လှူဒါန်းလိုသူများကိုလည်း ဖိတ်ခေါ်ကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းထံက သိရသည်။
ပုံစာ- ယနေ့ မြေအရောင်းအဝယ်စာချုပ်ချုပ်နေသည့် မြင်ကွင်း(ပေးပို့)


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
