စစ်ကိုင်းတိုင်းဒေသကြီး၌ လက်ရှိအစိုးရသစ် တက်လာပြီးနောက်ပိုင်း သစ်တောကြိုးဝိုင်း ၁၆ ခုကို ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်းထားပြီးဖြစ်ပြီး သစ်တောထူထပ်သည့်နေရာ ၅၄ ခုကိုလည်း သစ်တောနယ်မြေအဖြစ် တိုးချဲ့ဆောင်ရွက်သွားရန်အတွက် လုပ်ဆောင်နေကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးမှ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသန်းစိုး၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် မဟာမြိုင်သစ်တောအတွင်း အချက်အချာကျသည့် နေရာ၌ စုပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း၊ ယင်းနေရာကို စုပေါင်းစစ်ဆေးရေးဂိတ်ပြုလုပ်ခြင်းဖြင့် ကားလမ်းကနေထွက်လာသည့် သစ်များကို စောင့်၍ဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အခုချိန်အထိ ဒီအစိုးရတက်လာပြီးနောက်ပိုင်းမှာ ကြိုးပြင်ကာကွယ်တောအဖြစ် ၁၆ ခုကို ဖွဲ့စည်းခဲ့ပြီးပါပြီ။ နောက် ၁၆ ခုကတော့ ရည်ရွယ်ကြောင်း ထွက်ပြီးပြီ။ ကြေးတိုင်စိုက်ပြီးပြီ။ အဲဒါကိုလည်း ပြည်ထောင်စုကနေ ကြေညာချက်ထွက်ပေးဖို့ ကျွန်တော်တို့တင်ပြထားပါတယ်။ နောက်ထပ် ၁၆ ခုကျတော ့အဆိုပြုထားတယ်။ အဲဒီကိုလည်း အဆိုပြုအနေနဲ့ ကြေညာပေးဖို့ရာအတွက် ပြည်ထောင်စုကို တင်ပြထားတယ်။ နောက်တစ်ခုကတော့ ကွင်းဆင်းဆောင်ရွက်ဆဲ ၂၁ ခုရှိပါတယ်။ အားလုံးပေါင်းရင်တော့ ၅၄ ခုပေါ့နော်။ ဒါကိုထပ်ပြီးတော့ သစ်တောနယ်မြေတွေအဖြစ် တိုးချဲ့ဖွဲ့စည်းထားဖို့ရာအတွက် ဆောင်ရွက်နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးမှ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှုသည် မြန်မာနိုင်ငံတွင် အတော်ကောင်းကြောင်း တိုင်းဒေသကြီး၌သစ်တောဖုံးလွှမ်း မှု၏ ရာခိုင်နှုန်းသည် ၄၇ ဒသမ ၀၄ ရာခိုင် နှုန်းအထိရှိကြောင်း၊ အဆိုပါသစ်တောဖုံး လွှမ်းမှုရှိသည့်အနက် သစ်တောစီမံအုပ်ချုပ် သည့် သစ်တောနယ်မြေအဖြစ် ဖွဲ့စည်းနိုင် ခဲ့ခြင်းသည် ၃၉ ဒသမ ၈၂ ရာခိုင်နှုန်းအထိရှိ နေသေးကြောင်း ဦးသန်းစိုးက ဆက်လက် ပြောကြားသည်။
ထို့ပြင် သစ်တောနယ်မြေအဖြစ်မဖွဲ့ စည်းနိုင်သေးသည့် သစ်တောများလည်းရှိ နေသေးကြောင်း၊ ယင်းမဖွဲ့ရသေးသည့် သစ်တောများကိုလည်း ကြိုးဝိုင်းတောများနှင့် ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံးက ကြိုးစားနေကြောင်း၊ ကြိုးဝိုင်းတောများနှင့် ကြိုးပြင်ကာကွယ်တောများဖွဲ့ စည်းနိုင်ရေးအတွက် ကြိုးစားနေသည့် ခရိုင်များသည် သစ်တောဖုံးလွှမ်းမှုကောင်းနေသည့် ကသာခရိုင်၊ ကလေးခရိုင်၊ မော်လိုက်ခရိုင်နှင့် ခန္တီးခရိုင်စသည့် ခရိုင်များဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
