ပြင်ဦးလွင်မြို့အလွန် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ဝန်းကျင်ရှိ တောတောင် သဘာအလှများကို ခံစားတွေ့ရှိနိုင်သည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ဂုတ်ထိပ်တံတား ခရီးစဉ်အပါအဝင် ရေတံခွန်များနှင့် တိမ်ပင်လယ်ခရီးစဉ်များကို သွားရောက်လည်ပတ်သူ များပြားလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့ဝန်းကျင်တွင် သက်တမ်း ၁၀၀ ကျော်ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတားပေါ်မှ ဖြတ်သန်းရသည့် မီးရထားခရီးစဉ်၊ တောင်ဆင်းတောင်တက်နှင့် တောလမ်းခရီးကြမ်းသွားလာမှု နှစ်ခြိုက်သူများအတွက် ဘန့်ဘွေးကျင်းရေတံခွန်၊ အင်ဝိုင်းရေတံခွန်၊ ရေပျံတောင်ရေတံခွန်၊ လင်းနို့ဂူ၊ ကျောက်ကြမ်းပြတ်ရွေ့လိုဏ်ဂူ၊ ဆိပ်ဖူးရေပူစမ်းနှင့် ဂုတ်ထိပ်တံတားအောက်ခြေရှိ လျှိုမြောင်အတွင်း ဝင်ရောက်စီးဆင်းကာ ပျောက်ကွယ်သွားသည့် ဒုဋ္ဌဝတီမြစ်ကြောင်းနေရာတို့မှာ လာရောက်လည်ပတ်သူ များပြားလေ့ရှိ ကြောင်းသိရသည်။
ထို့ပြင် ယခုနှစ်ဆန်းပိုင်းတွင် လူသိများရေပန်းစားလာသည့် နောင်ချိုမြို့နယ် နောင်ချိုကြီးကျေးရွာရှိ တိမ်ပင်လယ်ခရီးစဉ်မှာ သွားရောက်ရန် လမ်းခရီးကြမ်းတမ်းသော်လည်း ညအိပ်ညနေ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိပြီး အဆိုပါတိမ်ပင်လယ်မှာ ဒုဋ္ဌဝတီမြစ်ကြောင်းအား အမြင့်ပေ ၃၀၀၀ ကျော်ပေါ်မှ ကြည့်ရှုရခြင်းဖြစ်ကာ အဆိုပါ ဒုဋ္ဌဝတီမြစ်ကြောင်းပေါ်တွင် နံနက်အရုဏ်တက်ချိန်မှ စတင်၍ နံနက် ၁၀ နာရီ ခန့်အထိ တိမ်ဆိုင်များ ထူထပ်စွာဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ဒီနေရာကို လူတွေတစ်စတစ်စသိလာတာ သုံးလလောက်ရှိပါပြီ။ အခုဆို နေ့တိုင်း မပြတ် ညအိပ်ညနေလာရောက်နေကြပြီး တချို့ရက်တွေဆို လူတွေအပြည့်ပါပဲ။ အခုနောက်ပိုင်း ဆိုင်ကယ်နဲ့လာတဲ့သူတွေလည်း ရှိလာပြီး ပုံမှန်ဆိုရင်တော့ နောင်ချိုကြီးရွာမှာ ကားတွေထားခဲ့ပြီး ဒေသခံ ထော်လာဂျီတွေနဲ့ တက်ရတာပါ။ တောင်ဆင်း တောင်တက်လမ်းက အရမ်းမတ်စောက် ကြမ်းတယ်။ လောလောဆယ်တော့ လာတဲ့သူတွေကို အမှိုက်သရိုက်တွေ စည်းကမ်းမဲ့မပစ်ကြဖို့ လိုက်လံသတိပေး တာမျိုးလုပ်နေပါတယ်” ဟု အဆိုပါနောင်ချိုကြီး ကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့က လားရှိုးကနေ စက်ဘီးနဲ့ လာခဲ့တာပါ။ ဒီနေရာက နာမည်အရမ်းကြီးနေပြီး တိမ်ပင်လယ်ကို မြင်ဖူးချင်လို့ ခုလို စက်ဘီးစီးပြီး လာခဲ့တာ” ဟု လားရှိုးမြို့မှ စက်ဘီးဖြင့် လာရောက်သူ လူငယ်တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ တောတောင်အလှနှင့် ရေတံခွန်များသို့ သွားရောက်လည်ပတ်နိုင်ရန် သဘာဝအခြေပြု ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှ မန္တလေးမြို့မှ နေ့ချင်းပြန် ခရီးစဉ်များ စီစဉ်ရေးဆွဲဆောင်ရွက်ခြင်းနှင့် တစ်ညအိပ် ခရီးစဉ်များကိုလည်း အပတ်စဉ် ပြုလုပ်ပေးလျက်ရှိခြင်းကြောင့် ယခုကဲ့သို့ လည်ပတ်သူများပြားလာခြင်းဖြစ်ကာ ယင်းနေရာများသို့ မိမိအစီအစဉ်ဖြင့် လာရောက်သူများလည်း ရှိနေကြောင်း တွေ့ရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
