ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ကွက်အနီး ကျေးရွာများ သဘာဝရေအရင်းအမြစ်များ ပျောက်ကွယ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ကျေးရွာများအနီးတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက ကျင်းနက်များတူးဖော်ကာ ကျောက်စိမ်းရှာဖွေမှုကြောင့် မြေအောက်ရေကြောများ ပြတ်တောက်ကာ သဘာဝ ရေအရင်းအမြစ်များ ပျောက်ကွယ်လာခြင်းဖြစ်ကြောင်း သိရသည်။
မဇွန်ယန်ကျေးရွာမှ ဦးသန်းဇော်ညွန့်က “ကျွန်တော်တို့ဆန်ခါရွာက အနိမ့်ဆုံးရွာပေါ့။ အရင်က နတ်စင်ကုန်း စိမ့်ရေထွက်ပေါက်ကနေ ရေသွယ်ပြီး ရာသီမရွေးယူကြရတာ။ ၂၀၁၃ လောက်ကနေ စပြီးခန်းသွားတော့ ကုမ္ပဏီတွေက ရေကိုတိုင်ကီလှောင်ကန်တွေနဲ့ထည့်ပေးတယ်။ အရင်က အိမ်ဝင်းထဲမှာလည်း လေး၊ ငါးပေဆိုရင် ရေထွက်တယ်။ အခုက ရွာဝန်းကျင်မှာ ကျောက်စိမ်း လုပ်ကွက်တွေက ကျင်းနက်ကြီးတွေတူးတော့ မြေအောက်ရေကြောပြတ်တာပေါ့ဗျာ။ ကုမ္ပဏီဘက်ကလည်း ကူညီပေးကြပါတယ်။ ကားတွေနဲ့ လာဖြည့်ပေးကြတာပါ။ အခုတော့ ရာသက်ပန်ရေပေးနိုင်အောင် ဥရုချောင်းနဲ့ ဆန်ခါချောင်းနားမှာ ရေတွင်းတူးပြီး တစ်ရွာလုံးသုံးနိုင်တဲ့ အုတ်ရေကန်ဆောက်ဖို့ လုပ်နေကြပါတယ်” ဟု ပြောကြားသည်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် ဆိုင်းရာရွာသစ်၊ မဇွပ်ယန်၊ ဆန်ခါ၊ မှော်ပုံ ကျေးရွာများတွင် ကျေးရွာအတွင်း ရေထွက်ပေါက်များမှာ လုံးဝခန်းခြောက်သွားပြီး ကုမ္ပဏီမှ ကူညီနေသည့် ရေတိုင်ကီများကိုသာ အားကိုးနေရကြောင်း သိရသည်။
ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦလဆိုင်းက “ရေရှားတယ်လို့တော့ ပြောမရဘူး။ ရွာကအဖွဲ့တွေ ကုမ္ပဏီတွေနဲ့ ပေါင်းပြီးကူညီနေတယ်။ ကျေးရွာမှာ နဂိုမူလရတဲ့ ရေတွင်းတွေက ကျောက်စိမ်းတူးဖော်တာကြောင့် ခန်းသွားတယ်။ မူလ ရေအရင်းအမြစ်တွေတော့ ပျောက်ကုန်တာပေါ့။ လွှတ်တော်မှာ အရင်က ရေရှားတာတွေကို ဖြေရှင်းဖို့မေးမြန်းခဲ့ရတာတွေရှိပါတယ်” ဟု ပြောကြားသည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်မှုမှာ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက တူးဖော်လာခဲ့ပြီး ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်းအဖြစ်သာ ရှိခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်ခန့်အထိ စက်ယန္တရား အငယ်စားများဖြင့် ဖက်စပ်ကုမ္ပဏီများက တူးဖော်လာခဲ့ကြောင်း၊ ယင်း ၂၀၀၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများ၊ ပုဂ္ဂလိကကုမ္ပဏီများစွာ စက်အင်အားအလုံးအရင်းဖြင့် တူးဖော်ခဲ့ကြရာ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစ၍ အလွန်ကြီးမားသော စက်ယန္တရားကြီးများဖြင့် ၂၀၁၂ ခုနှစ် မေ ၃၀ ရက်အထိ တူးဖော်ခဲ့ရာတွင် တောင်အလုံး ၆၀ ခန့်နှင့် ယင်းတောင်ပတ်ဝန်းကျင်ရှိ ချောင်းအမြောက်အမြား ပျောက်ကွယ်သွားကြောင်း၊ မှော်ဒေသအများစုတွင် နာမည်ကျော်ကျောက်စိမ်းများထွက်ရှိရာ နေရာများမှာ နောက်ထပ်တူးဖော်စရာမရှိလောက်အောင် ပျက်ယွင်းပျာက်ကွယ်သွား ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
