လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၅) အပြီးတွင် တစ်ဂိုးသာ ပေးထားရပြီး ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း အသင်း၏ခံစစ်ပိုင်းကို ချီးကျူးရန် စောနေသေးကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးတွင် (၄) ပွဲနိုင်၊ (၁) ပွဲရှုံး၊ ရမှတ် (၁၂) မှတ်ဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေသည်။ လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၅) ပွဲ ကစားအပြီးတွင် နော်တင်ဟမ်ဖောရက်စ် အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲ စဉ်တစ်ပွဲသာ ဂိုးပေးခဲ့ရပြီး ကျန် (၄) ပွဲတွင် Clean Sheet ရရှိထားသည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ခံစစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေသော်လည်း နည်းပြ အာနယ်ဆလော့ကမူ အသင်းကောင်းများနှင့် မတွေ့သေးသဖြင့် အသင်းခံစစ်ပိုင်းကို မချီးကျူးနိုင်သေးခြင်းဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ဆလော့က "ကျွန်တော်တို့ ရင်ဆိုင်ခဲ့တဲ့အသင်းတွေက အမှတ်ပေးဇယားမှာ အဆင့် (၁၀) အောက်က အသင်းတွေ များပါတယ်။ ဒါကိုထည့်တွက်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့အသင်းတွေနဲ့ ပွဲတွေအများကြီး ကစားရဦးမယ်။ ဝုလ်ဗ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ အဝေးကွင်းပွဲတွေကစားရမှာဖြစ်ပြီး အဲဒီပွဲတွေမှာ ကျွန်တော်တို့ ဂိုးမပေးရအောင် ကစားနိုင်မလား စောင့်ကြည့်ရမယ်။ ပထမ (၅) ပွဲမှာ အိမ်ကွင်း (၃) ပွဲအထိ ကစားရတာက ကျွန်တော်တို့အတွက် ကံကောင်းမှုလို့ ဆိုနိုင်ပါတယ်" ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
