ယာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ကာ ပျက်စီးခဲ့သည့် စပါးခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အခြား သီးနှံများ စိုက်ပျိုးလိုပါက သက်ဆိုင်ရာ စိုက်ပျိုးရေးရုံးများ၊ စက်မှုလယ်ယာရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။
ထိုနည်းတူ စပါးပြန်လည်စိုက်ပျိုး လိုခြင်းမရှိသည့် တောင်သူများအနေဖြင့်လည်း အခြားသီးနှံများ စိုက်ပျိုးလိုပါက မျိုးလိုအပ်ချက်၊ ထွန်ယက်ရေး လိုအပ်ချက်များကို သက် ဆိုင်ရာစိုက်ပျိုးရေးရုံးများ၊ စက်မှုလယ်ယာရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ ဖြင့်ပျက်စီးသွားသည့် စပါးခင်းများ ပြန်လည် စိုက်ပျိုးရန်အတွက် တောင်သူများအရန်သင့် ပြန်လည်စိုက်ပျိုးနိုင်စေရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ပျက်စီးသွားခြင်းမရှိဘဲ ထိခိုက်ရုံသာ ထိခိုက်ခဲ့သည့် စပါးခင်းများ အထွက်နှုန်းလျော့နည်းမသွားစေရေး အချိန်မီပြန်လည် ကုစားခြင်းလုပ်ငန်းများကိုလည်း တောင်သူများ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းသရုပ်ပြသ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
