ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသအတွင်း သွားလာရေးခက်ခဲကာ အလှူရှင် အရောက်နည်းနေသေးသည့် ကျေးရွာများရှိ ဒေသခံရေဘေးသင့်ပြည်သူများပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်မြောက်ပိုင်း အလှုရှင်အဖွဲ့က သွားရောက်ကူညီရန် ယမန်နေ့ စက်တင်ဘာ(၂၅)ရက်က စတင်ထွက်ခွာခဲ့ပြီဖြစ်ကြောင်း အဆိုပါ ရေဘေးသင့်အရေး ဦးဆောင်သူတစ်ဦး ပြောသည်။
ရှမ်း/မြောက်အလှူရှင်အဖွဲ့အနေဖြင့် ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်မခွဲခြားဘဲ လူသားချင်းစာနာစိတ်ဖြင့် ပရဟိတစိတ်ကိုအရင်းခံကာ ထောက်ပံ့ကူညီရန် ရည်ရွယ် ကူညီခြင်းဖြစ်သည်ဟု ဆို သည်။
“ကျွန်တော်တို့ အင်းလေးဒေသက ကူညီမှုတွေ သိပ်ပြီးမရောက်သေးတဲ့ ကျေးရွာတွေကို သွားရောက်ကူညီမှာပါ။ အခု ရေက ပြန်ကျဖို့ နှစ်လလောက်ကြာမယ်လို့သိရတယ်။ ရေက ပြန်ကျနေတယ်ဆိုပေမယ့် ရေထွက်ပေါက်မရှိတော့ ကျေးရွာတွေ နစ်မြှုပ်နေဆဲလို့ သိရတယ်”ဟု ၎င်းက ဆိုသည်။
၎င်းတို့အနေဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရာတွင် စားနပ်ရိက္ခာများအပြင် ခြင်ထောင်၊ စောင်မှအစ လျှပ်စစ်မီးမရရှိသေးသဖြင့် ဖယောင်းတိုင်အဆုံး လှူဒါန်းသွားမည်ဖြစ်ပြီး ဒေသခံများ၏ လိုအပ်ချက်အပေါ်မူတည် ၍ ထပ်မံ ကူညီထောက်ပံ့မှုများဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် အင်းလေးဒေသအတွင်း အလှူရှင် အရောက်နည်းသည့် ကျေးရွာများမှာ အင်းတိန်ရွာ၊ ပြင်လိမ့်အောက်ရွာ၊ သရက်သုံးပင်ရွာနှင့် လယ်ပြင်ရွာတို့အပြင် အခြားကျေးရွာများလည်းရှိနေသေးပြီး၊ အင်းတိန်ရွာအား ညောင်ရွှေမှ စက်လှေဖြင့် သွားမည်ဆိုပါက တစ်နာရီကျော်ကြာမြင့်ကာ၊ ပြင်လိမ့်အောက်ရွာသို့ သွားမည်ဆိုပါက မိနစ် (၄၀)ခန့် သွားရကြောင်း ပြင်လိမ့်အောက်ရွာ ဒေသခံတစ်ဦးက ပြောသည်။
အလှူရှင် အရောက်ပေါက်နည်းသည့်အဆိုပါ ကျေးရွာများရှိ ဒေသခံအချို့မှာ ညောင်ရွှေမြို့သို့ လာရောက်၍ လှူဒါန်းပေးမည့်အလှူရှင်များအတွက် လမ်းပြခေါ်ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
